December.......။
ဆုံနေကြအခန်းတံခါးလေးကိုဖွင့်ဝင်လိုက်
ရယ်မောကာပြန်ဖွင့်ထွက်သွားလိုက်နဲ့
ကျွန်တော်တို့ကိုယ့်Flowတွေနဲ့ကိုယ်
အရာအားလုံးကိုမေ့ထားကာသွားလာလှုပ်ရှားခဲ့တယ်။"Marry Christmas ကလေးလေး"
ရဲရဲတောက်မာဖလာလေးတစ်ခုကို
Christmas လက်ဆောင်အဖြစ်ပေးတော့
သိသိသာသာပျော်ရွှင်သွားခဲ့သောမျက်နှာလေး။"ကိုယ် ကိုယ်တိုင်ထိုးထားတာ"
"တကယ်လား"
"အင်း Internet မှာရှာပြီးကြိုးစားကြည့်ထားတာ
လှတယ်မလား...သဘောကျလား""ကျတာပေါ့ အစ်ကို့စေတနာပဲဟာ
ကျွန်တော် အမြဲတမ်းသိမ်းထားပေးမယ်"ဆုံနေကျတိုက်ခန်းမှာပဲ။အဲ့ဒီနေ့ကDecember 25။
Christmas နေ့။အပြင်မှာနှင်းတွေကျနေကာ
ရာသီဥတုသည်အေးစိမ့်နေသည်။ကျွန်တော်
အိမ်ကို တက္ကသိုလ်တုန်းကလုပ်ငန်းရှင်သူဌေးသား
ကျောင်းနေဘက်တွေနဲ့Christmas နေ့ကို
ဖြတ်သန်းမည်ဟုလိမ်ကာသူနဲ့အတူဖြတ်သန်းနေခဲ့သည်။"ဒါက ကျွန်တော့်Christmas လက်ဆောင်...."
ကော်ဖီခွက်လှလှလေးတစ်လုံး။
အညိုရောင်ဖြစ်ကာရိုးရှင်းပြီး
ကျွန်တော့်အကြိုက်လုံးဝကွက်တိဖြစ်နေတာကြောင့်
ရင်ခုန်ခြင်းတွေပါဖြစ်သွားးသည်။"လှလိုက်တာ.....လက်ဆောင်အဓိပ္ပာယ်လေးရှိသလား"
"အစ်ကို တစ်နေ့တာမှာ အများဆုံးအတူနေဖြစ်တာ
ကျွန်တော်ပြီးရင် ကော်ဖီတွေနဲ့မလား""Coffee ချိန်မှာတောင် မင်းကိုမေ့မနေအောင်ပေါ့"
"မရည်ရွယ်ပါဘူးဗျာ..."
"ချစ်တယ်....."
နဖူးလေးကိုငုံ့နမ်းလိုက်တော့ခပ်ရဲရဲမျက်နှာလေး
ဖြင့်သူကCoffee ဖျော်ရန်စတင်သည်။
Jeon သည်သေးသွယ်သောခါးလေးကို
ဖက်ကာCoffee ဖျော်တာကိုစောင့်ရင်း
အေးချမ်းလှသောDecember ညလေးကို
ဖြတ်သန်းနေသည်။
YOU ARE READING
Coffee Story
Fanfictionလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။