မေတ္တာရောင်ပုလဲလေးတွေကိုကြိုးလေးနဲ့သီပြီး
ကြင်နာမှုပန်းပွင့်တွေကြားကိုယ်အလှဆင်ထားမယ်။
မင်းပျော်ရွှင်မယ်ဆို အမြဲထာဝရအပိုင်ပေးချင်တယ်။"အမြဲထာဝရ အပိုင်ပေးခဲ့တာပါ
တနင်္ဂနွေတစ်ခုခုမှာ NamJoon
စာကြည့်တိုက်ကိုရောက်ဖြစ်ရင် သူ့ကိုပြောပေးပါ"အလွန်ဟောင်းနွမ်းနွမ်းကဗျာစာအုပ်လေး
တစ်အုပ်...။ထပ်ခါထပ်ခါစာမျက်နှာတစ်ခုထဲကိုပဲ
လှန်ထားတာကြောင့်စာအုပ်ကိုဖွင့်လိုက်သည်နှင့်
စာပိုဒ်လေးတစ်ခုဆီကိုရောက်သွားသည်။2014 September ။
"ဒီကဗျာလေးကို ကိုယ်သဘောကျတယ်...Jimin"
စာအုပ်တွေအကြောင်းဆွေးနွေးရတဲ့
အချ်ိန်တွေကိုနောက်ထပ်အပျော်ဆုံး။
Sunday တွေတိုင်းစာကြည့်တိုက်တွေထဲငြင်းခုန်ရင်း
အတူတူပြန်ရယ်မောမိခဲ့တဲ့အချ်ိန်တွေဟာ
၂ယောက်ထဲတစ်ကမ္ဘာ။"ကျွန်တော်ကဗျာတွေကိုသိပ်မခံစားတတ်ဘူး"
"ဖတ်ကြည့်ပါလား ချစ်ခြင်းမေတ္တာကို
ဖွဲ့နွဲ့ထားတာ လှလှပပစကားလုံးလေးတွေ
ကိုယ်တော့ဒါတွေကိုသိပ်သဘောကျတာပဲ""ပြကြည့်ပါဦး..."
ခင်မင်ရုံအဆင့်ဆိုပေမယ့်အတူတူပူးပူးကပ်ကပ်လေး
ထိုင်တတ်ကာစာဖတ်ဝါသနာပိုပါတဲ့ကျွန်တော့်ကို
Moodဝင်လ်ိုက်ဖတ်လိုက် ပျင်းလိုက်မဖတ်လိုက်
လုပ်နေတဲ့သူကမဖတ်နေသောအချ်န်တွင်
လက်ထောက်ကာကြည့်နေတတ်သည်။"မေတ္တာရောင်ပုလဲလေးတွေကိုကြိုးလေးနဲ့သီပြီး
ကြင်နာမှုပန်းပွင့်တွေကြားကိုယ်အလှဆင်ထားမယ်။
မင်းပျော်ရွှင်မယ်ဆို အမြဲထာဝရအပိုင်ပေးချင်တယ်""မဆိုးပါဘူး ကဗျာတွေဖတ်ရင်နှလုံးသားက
အလိုလိုနူးညံ့လာတယ်နော်အစ်ကိုတခြားအချိန်နဲ့မတူဘူး....""ဟုတ်တယ်.....Jimin ကြိုက်လား
စာသားလေးကို ရေးတဲ့သူကဘာပြောချင်တာလဲရော
နားလည်လား""အဲ့လောက် ပိန်းတိန်းမနေပါဘူးဗျာ
ဒါကချစ်ခွင့်ပန်တဲ့သဘောမျိူး ကျွန်တော်သိပါတယ်"
YOU ARE READING
Coffee Story
Fanficလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။