☕️1☕️

2.9K 473 54
                                    

လွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။
ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ...
ဟိုးအဝေးက ရယ်သံလွင်လွင်လေး။

မင်းဘယ်မှာများလဲ အချစ်ရေ......။

Coffee Story။

~~~~~~။

မိုးတွေသဲမဲစွာရွာနေခဲ့သောတက္ကသိုလ်တစ်ခု၏
လမ်းတစ်နေရာ။

"ငါတို့ တစ်ခုလောက်ပိုဝယ်ရအောင် ဟေမီ"

"ဘာလို့လဲ နင်ကုန်တာလည်းမဟုတ်ဘဲ
မုန့်ကအများကြီးရတာကို...."

"ငါ ဟို နားက လူကြီးကိုကျွေးချင်လို့...."

တက္ကသိုလ်ကျောင်းသူမလေးတစ်စုသည်
သူမတို့သူငယ်ချင်းလက်ညိုးထိုးပြသော
နေရာကိုပြိုင်တူကြည့်လိုက်ကြသည်။

မိုးရေထဲတွင်အကာအကွယ်တစ်ခုမှမပါဘဲ
ကျောက်ရုပ်လိုရပ်နေသောလူတစ်ယောက်သည်
သူမတို့နှင့်မလှမ်းမကမ်းတွင်ရှိနေသည်။
မိုးအလွန်သဲမဲနေခြင်းတွင်အေးစက်ခြင်း
ကိုဘာမှမခံစားရသလိုမတ်တပ်စုံရပ်နေသည်။
မျက်လုံးတွေသည်သူမတို့ကိုကြည့်နေပုံပေါ်ပြီး
အိမ်ခြေမဲ့တစ်ဦးဖြစ်ဖို့ဟန်များပါ၏။

"မုန့်စားချင်လို့နဲ့တူတယ် ငါတို့မုန့်တွေကို
ဆက်တိုက်ကြည့်နေတာ"

"အေး..နော် သနားပါတယ် အဲ့တာဆိုလည်းဝယ်လိုက်လေ"

"ကျောင်းသူမလေးတွေ မုန့်သွားပေးမလို့လား
သတိထားနော် အဲ့ဒီလူက စိတ်ပုံမှန်မဟုတ်ဘူး
အရမ်းဆိုးတာမျ်ုးမဟုတ်ပေမယ့် သတိပေးတာ"

ဆိုင်ပိုင်ရှင်အန်တီကြီးကသတ်ိပေးတော့
ကျောင်းသူမလေးတွေသည်ခေါင်းကိုယ်စီငြိမ့်ကြကာ

"ဟုတ်အန်တီ တောက်လျှောက်ကြီးသမီးတို့
မုန့်ဝယ်နေတာကိုကြည့်နေတော့ သူဆာနေတာ
ဖြစ်လိမ့်မယ် ပေးပြီး ချက်ချင်းသွားမှာပါ"

"အင်း အင်း....."

ခဏအကြာမှာထားသမျှမုန့်တွေရပြီမလို့ကျောင်းသူမလေးတွေ
သည်ထီးကိုယ်စီဖြင့် မိုးရေထဲမတ်တပ်ရပ်နေသော
လူဆီပြေးသွားကြသည်။

အနီးအနားကိုရောက်သွားကြတဲ့အခါမတ်တပ်ရပ်
နေသောလူသည်သူမတို့အုပ်စုလိုက်ကြီးရောက်လာ
တာမို့အံ့ဩသလိုကြည့်လာသည်။

Coffee StoryWhere stories live. Discover now