☕️10☕️

1.1K 225 16
                                    

Jeon မိသားစုရဲ့အိမ်တံခါးတွေရောခြံတံခါးတွေရော
ရက်ပေါင်းများစွာပ်ိတ်သွားခဲ့တယ်။အတင်းတွေကို
အပြင်သို့မပေါက်ကြားအောင်ထိန်းသိမ်းရင်း
အိမ်ထဲတွင်တော့စစ်ပွဲတစ်ခုနီးပါး။

"ပုံသဏ္ဍာန်မမှန်တာ!!!!နင်ဘာလို့ယောကျ်ားဖြစ်ပြီး
ယောကျ်ားတစ်ယောက်ကိုချစ်တယ်ဖြစ်နေရတာလဲ!!!"

"ကျွန်တော့်ကိုသွားခွင့်ပြုပေးပါ
ကျွန်တော် ဘာမှစိတ်မဝင်စားနိုင်ဘူး
အမေဖြစ်စေချင်တာတွေလည်းမလုပ်ပေးနိုင်တော့ဘူး
ကျွန်တော့်ကို Jiminနဲ့ပဲအတူတူနေခွင့်ပေးပါ"

တစ်သက်လုံးရိုးရှင်းတည်ငြိမ်စွာ
လိမ်မာရိုးကျိူးခဲ့သောသားဖြစ်သူ၏
ဆောက်တည်မရဟန်ယောက်ယက်ခက်နေပုံသည်
Jeon မိသားစုအတွက်အိမ်မက်ဆိုးတစ်ခုလိုဖြစ်နေခဲ့ကြ
သည့်အချိန်ဖြစ်သည်။

"ဘယ်တော့မှမတွေ့ရတော့ဘူး Jungkook
Jeon မိသားစုက ဆက်ခံသူမြေးအကြီးဆုံးက
လောကနဲ့သွေဖယ်တဲ့ကိစ္စတွေလုပ်နေတာမှန်း
သူများတွေသိသွားရင် နင်ပုံစံမမှန်တာ
ငါ့ပတ်ဝန်းကျင်ကလူတွေသိရင်အရှက်တွေကွဲမှာ
နင်ရရမယ့်အခွင့်အရေးတွေနင့်ကိုပေးမယ့်အရာတွေအားလုံး
ချက်ချင်းရုတ်သိမ်းသွားနိုင်တယ်"

"ကျွန်တော့်ပျော်ရွှင်မှုထက် မေမေကအရာအားလုံး
ပိုအရေးကြီးနေခဲ့တာပဲ...."

"နင်ခုမသိသေးဘူး နင်မွှန်နေလို့နင်ဘာမှမသိဘူး
နင်ထွက်သွားပြီးတစ်ရက်ပဲငါတို့အရိပ်အောက်က
လွတ်ကြည့် နင်ဘာလုပ်တတ်လဲ နင်ဘယ်လိုနေမလဲ
ဘဝကို ဘယ်ကစလို့စရမှန်းတောင်အစတွေ့မှာမဟုတ်ဘူး"

"ဘယ်သူလုပ်ခဲ့တာလဲ....အပြစ်မတင်ပါဘူး
စမယ် ကျွန်တော်စက်ရုပ်လိုဘဝကနေရုန်းထွက်ပြီး
လူပီပီသသစချင်တယ် လွှတ်ပေးပါ..."

"စ်ိတ်ကစားတာJungkook...ချစ်သူရည်းစားဆိုတာ
ဘာမှန်းမသိခဲ့လို့ အဲ့ကောင်လေးအပေါ်စွဲလန်းသွားတာ
ခဏပဲ ခဏနဲ့ငြီးငွေ့သွားမှာ ...."

"အမေ့ဘက် ကအတွေးလေ...ကြိုက်သလိုတွေး
Jimin ကိုစွဲလန်းတာမဟုတ်ဘူး ချစ်တာ
ချစ်တာကိုသိလား ....မသိဘူးမလား"

Coffee StoryWhere stories live. Discover now