"အဝတ်အစားတွေလဲပြီး နွားနို့ပူပူလေးသောက်
လိုက်ပါ Jungkook အအေးမိသွားရင်ဖျားသွားလိမ့်မယ်"အခန်းထဲကိုဝင်လာသူသည်Coffee ခွက်ကိုအသာအယာ
လေးချကာ Jeonရဲ့အဝတ်အစားတွေကိုလဲပေးဖို့
စတင်သည်။"သူစာကျက်နေတာက အရမ်းကြာတယ် NamJoon"
"အင်း ဖြစ်တတ်ပါတယ်...သူလက်စသတ်ပြီးရင်
သူ့အိမ်ကိုပြန်သွားပါလိမ့်မယ်...စောင့်နေတဲ့
အတွေးတွေကိုရပ်ပြီး နွေးနွေးထွေးထွေးနေရအောင်""တစ်ယောက်ထဲသူအိမ်ပြန်မယ့်
လမ်းတွေကို ကျွန်တော်စိတ်မချဘူး NamJoon
သူ သိပ်ငယ်လွန်းသေးတယ်မလား"တစ်ရက်အိမ်ကို တက္ကသိုလ်တစ်ခုရဲ့
ပါမောက္ခတစ်ယောက်ရောက်လာတယ်။
မိသားစုပြဿနာတစ်ခုကြောင့်စိတ်မတည်ငြိမ်သလ်ို
ဖြစ်နေတဲ့သားဖြစ်သူကိုအနီးကပ်စောင့်ရှောက်
ပေးဖို့စိတ်ကျန်းမာရေးဆရာဝန်ပေါက်စဖြစ်နေတဲ့
သူ့ကိုလာခေါ်ခဲ့တာ။ဆေးခန်းလည်းမလုပ်ရသေး
အလုပ်ခွင်လည်းဝင်ချင်စိတ်မရှိသေးတဲ့အချိန်မှာ
ခဏတဖြုတ်ဟုတွေးလျှက် ခုမျက်နှာချင်းဆိုင်က
လူနာဆီကိုရောက်ခဲ့တာ။ခဏတဖြုတ်သည်၃နှစ်ရှိခဲ့ပြီ။အကြောင်းသည်
လူနာက ဘယ်တော့များမှစိတ်ကိုဖွင့်ထုတ်ပြီး
အမှန်တရားတွေကိုလက်ခံမလဲဆိုတာကိုစိတ်မချနေလို့။
စတွေ့ထဲကစိတ်အတွင်းထဲလှိုက်လောင်နေတဲ့
ဝေဒနာတွေကိုခုထိသူတဝက်တောင်ကုဖို့မပြောနဲ့
မမြင်ရသေးလို့ ဆရာဝန်တို့၏နူးညံ့သောနှလုံးတွေအရ
တစ်ရက်ပြီးတစ်ရက်အနားမှာဆက်ရှိနေမိတယ်။"သူ"ဆိုတာကိုတော့နေ့တိုင်းအတွင်တွင်ကြားခဲ့ရပြီး
ဘယ်သူလဲလို့မေးလာတိုင်း ဘယ်တုန်းကမှမဖြေခဲ့ပါ။"သူအန္တရာယ်ကင်းမှာပါ နွားနို့သောက်ပြီး
အသက်ရှုသွင်းတာ ရှုထုတ်တာကိုမှတ်
အတွေးတွေကို ရပ်ပြီး အိပ်လိုက်တော့နော်...."အဝတ်အစားလဲပေးပြီး နွားနို့ခွက်ကို
လက်ထဲထည့်ပေးပြီးနောက် NamJoonက
အိပ်ရာကိုပြင်ဆင်ပေးနေသည်။"မီးရောင်မှိန်မှိန်လေးလုပ်ထားခဲ့မယ်
မိုးတွေကအရမ်းသည်းနေတာပဲ
ကောင်းကောင်းအိပ်ပျော်နိုင်မှာပါ...."
YOU ARE READING
Coffee Story
Fanfictionလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။