☕️3☕️

1.6K 300 56
                                    

"စတွေ့ခဲ့တယ်ဆိုတော့ သူ့ကိုဆက်တွေ့ခဲ့သေးလားJungKook"

"တွေ့ခဲ့တာပေါ့...ကျွန်တော်လိုက်ရှာခဲ့တာ
ထပ်ခါထပ်ခါရှာပြီးနောက်ဆုံးတော့
တက္ကသိုလ်ထဲက ခုံတန်းလေးတစ်ခုမှသူ့ကိုပြန်တွေ့ခဲ့တယ်"

"Jungkookသူ့ကိုလိုက်ရှာခဲ့တာကိုအိမ်က သိခဲ့လား...."

NamJoonလက်ထဲကဓာတ်ပုံလေးကိုကြည့်ကာ
မေးခွန်းကြောင့်ညွှတ်ကိုင်းနေသောနှုတ်ခမ်းတွေမှ
ချက်ချင်းဆိုသလိုပြန်လည်ပြေလျှော့သွားပြန်သည်။

မျက်လုံးထဲနားထဲကိုဆက်တိုက်ဝင်လာသော
ပုံရိပ်တွေအသံတွေသည်သေလောက်တဲ့
မွန်းကျပ်မှုကိုချက်ချင်းခံစားလာရပါ၏။
အသက်ရှုသံတွေပြင်းလွန်းလာတဲ့အခါ
Namjoon ကJeonရဲ့လက်တွေကို
ဆုပ်ကိုင်ပေးလာသည်။

"ကျွန်တော့်အဖေက နိုင်ငံအဆင့်လုပ်ငန်းရှင်
အမေက တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခချူပ်
ညီမက ဆရာဝန် ကျွန်တော့်ကိုတော့ဗိသုကာပညာရှင်တဲ့
မွေးလာထဲကအဖိုးကသတ်မှတ်တာ
သတ်မှတ်တဲ့အတိုင်းဖြစ်လာအောင်
အမေက ပုံသွင်းရတဲ့ မိသားစု
လွဲချော်လို့ ချွတ်ချော်လို့မရခဲ့ဘူး....."

"Jeon အိမ်တော်ကို ဆက်ခံမယ့်မြေးဦးယောကျ်ားအဖြစ်
ကျွန်တော်မွေးဖွားလာရတဲ့ကံကြမ္မာ
လှောင်အိမ်သေးသေးလေးမှာဒူးနှစ်ဖက်ပိုက်
တိတ်တိတ်လေးနေရသလိုပဲ အိမ်မှာစိတ်လွတ်
လက်လွတ်တောင်ခပ်ကျယ်ကျယ်ရယ်မောခွင့်မရှိခဲ့ဘူး
ဂုဏ်သိက္ခာကြီးမားလို့တဲ့လေ....."

ကလေးဘဝရော လူငယ်ဘဝရော
လူကြီးဘဝ အထိပါ ဂုဏ်သိက္ခာဖြင့်လွှမ်းမိုးချူပ်ကိုင်
ခြင်းကိုခံခဲ့ရပုံ။သားအကြီးဆုံး မြေးအကြီးဆုံး
ဆက်ခံသူနေရာသည် သူ့အတွက်ကြီးလေးတဲ့
ဖိအားတွေဖြစ်ခဲ့တဲ့ပုံပါပဲ။အသံသည်အလွန်
မွန်းမွန်းကျပ်ကျပ်ရယ်။

"သူငယ်ချင်းတစ်ယောက်မှမရှိခဲ့ဘူး
ဂုဏ်သိက္ခာအဆင့်အတန်းအတူတူမှဆိုလို့
သူတို့စိတ်တွေနဲ့ကိုက်ညီမယ်သူ့ကို
ရှာရတာခက်လွန်းလို့ ကျွန်တော်တစ်ယောက်ထဲနေခဲ့တာ
ဘွဲ့ယူပြီးတဲ့အထိ...တကယ်တော့ကျွန်တော်သူငယ်ချင်းတွေ
သိပ်လိုချင်ခဲ့တယ် NamJoon"

Coffee StoryWhere stories live. Discover now