ကျွန်တော်တို့ချစ်ခဲ့ကြတယ်။ဘယ်လိုမျိူးအချစ်လည်း
ဘယ်လိုRelationship အမျိုးအစားလဲဆိုရင်
ရိုးရှင်းမှုအပေါ်အခြေခံနေတယ်လို့ဖြေရမှာပဲ။အတူတူCoffeeဆိုင်ဟောင်းလေးမှာ
ခေါတ်ဟောင်းသီချင်းလေးတွေနဲ့ချိန်းတွေ့တယ်။
Sunday တိုင်းစာအတူတူဖတ်တယ်။
မိုးရွာတဲ့နေ့တွေဆိုအပြင်ပိုထွက်ဖြစ်တယ်။
နှစ်ယောက်သားဆုံခဲ့တဲ့အမှတ်အသားတွေမလို့
နှစ်ယောက်လုံးပျော်ရွှင်တတ်လို့ ။ပြန်ဆုံခဲ့တဲ့တက္ကသိုလ်ခုံတန်းလေးမှာ
ကျွန်တော်နေ့တိုင်းသူ့ကိုကျောင်းလာကြိုဖြစ်ခဲ့တယ်။
အတူတူရယ်မောပြီးတက္ကသိုလ်ထဲလမ်းလျှောက်
ခဲ့ရတဲ့အချ်ိန်တွေဟာအလွန်ပဲအေးအေးချမ်းချမ်း။နှစ်ယောက်လုံးအတွက်ကိုယ်စီအချစ်ဦးတွေ
ဖြစ်နေတာမလို့ရူးမတတ်လို့သုံးနှုန်းလို့ရတာပဲ။
ကျွန်တော့်အိမ် ကျွန်တော့်ဘဝ အရာအားလုံးကို
မေ့လျှော့သွားပြီး မိုးမမြင်လေမမြင်Jimin
ပုခုံးလေးကိုဆက်တိုက်မှီပြီးပျော်ရွှင်ခဲ့တာ။Jimin ကရောလို့ပြန်မေးရင်...အမြဲပြုံးနေတတ်တယ်။
သူတလောကလုံးနဲ့မခေါ်မပြောနေလည်း
ကျွန်တော့်ကိုဆိုစကားတွေမနားစတမ်းပြောခဲ့တယ်။
လမ်းလျှောက်ရင်ကျွန်တော့်လက်ဖဝါးတွေကို
ခပ်တင်းတင်းဆုပ်ကိုင်ထားတတ်ပြီး
သူသိပ်ပျော်ရွှင်ကြောင်းတဖွဖွဆိုလေ့ရှိတယ်။ရာသီဥတုအထူးသာယာတဲ့
နေ့မျိုးဆိုအတူတူပင်လယ်ကိုရောက်တတ်ကြသည်။
ခြေဖဝါးတွေအားကမ်းခြေကလှိုင်းတွေ
လာရောက်ထိခတ်သောခံစားမှုကို၂ယောက်လုံး
နှစ်သက်တာကြောင့်လက်ချင်းချိတ်လျှက်
အတူတူပြေးလွှားရယ်မောရခြင်းတွေကိုအပျော်ဆုံး...။"အစ်ကို ပင်လယ်ကို ငယ်ငယ်တုန်းမရောက်ဖူးတာလား"
ရှက်မိပါ၏။ကျွန်တော်ဘယ်မှမရောက်ဖူးခဲ့ပါ။
သွားမယ်ဆိုပါက ခရီးစထွက်ဖို့ကိုခွင့်ပြုချက်တွေ
အမေထည့်ပေးမယ့်လူတွေ။အထူးသဖြင့်သွားစရာ
သူငယ်ချင်းမရှိ။မိသားစုကလည်းအပျော်ခရီးသွား
လေ့မရှိကြ။အချိန်ကုန်လူပန်းဟုဆိုကာအဖိုးက
စ်ိတ်အပန်းပြေစေဖို့ သူသဘောကျတဲ့
သမိုင်းကြောင်းစာအုပ်တွေကိုသာဖတ်ခိုင်းခဲ့သည်။
YOU ARE READING
Coffee Story
Fanfictionလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။