နီရဲနေသောသွေးတွေသည် ကားလမ်းမပေါ်အပြည့်။
လဲကျနေသောသွေးအိုင်ထဲကလူသည်နာကျင်မှုတစ်ခု
မှမရှိသလိုလမ်းမပေါ်မှသွေးစက်လက်ဖြင့်ထလာကာ
သူ့ကိုစိုက်ကြည့်နေသည်။"မင်္ဂလာဆောင်ဖိတ်စာလက်ထဲကို
ရောက်လာတာဘယ်လောက်နာကျင်ရလဲသိလား
ကျွန်တော့်နှလုံးသားတစ်ခုလုံးကိုအပြင်းဆုံးအက်စစ်နဲ့
ရောမွှေလိုက်ရသလိုခံစားမှုပဲ....အစ်ကိုသတ္တိမရှိရင်
ဘာလို့ချစ်လဲ ဘာလို့ချစ်ခဲ့တာလဲ အဲ့ဒီညက
အိမ်ပြန်လမ်းတွေမှာ ကျွန်တော့်မျက်ရည်တွေ
မျက်ရည်တွေက ဒီသွေးတွေထက်များခဲ့တယ်.....""ဘာလို့ ဘာလ်ို့ ချူပ်ထားတယ်ဆိုတာနဲ့
တစ်ခါလေးတောင်ကြိုးစားပြီးကျွန်တော့်ဆီ
မလာခဲ့ရတာလဲ....ကျွန်တော်ဘယ်လောက်ကမ္ဘာပျက်ခဲ့
ရလဲသိလား....!!!!!""ကိုယ် ပြေးထွက်လာခဲ့တယ်လေ ....."
"လွတ်မြောက်နိုင်ခဲ့လို့လား
အစ်ကို့ကြောင့် ကျွန်တော့် အိမ်မက်တွေပျက်ဆီးကုန်တာ
အစ်ကို့ကိုကယ်မိလို့ကျွန်တော်သေတာ....
အစ်က်ို့ ကို ချစ်မိလို့ ကျွန်တော့်ဘဝပျက်ခဲ့ရတာ
ဖြစ်တည်မှုတစ်ခုလုံးပျောက်ဆုံးခဲ့ရတာ
ပြန်လျှော်ပေး ပြန်လိုချင်တယ် ခုပြန်ပေး!!!!!"အော်ဟစ်ပြောဆိုရင်းသွေးအပြည့်သောမျက်နှာ
တစ်ခုနှင့်အတူခပ်မြန်မြန်ခြေလှမ်းများ
ဖြင့်ရှေ့တည့်တည့်သို့ပြေးလာတဲ့အခါJeonသည်
ကျယ်လောင်စွာအော်ဟစ်မိသည်။"အား!!!!!!"
မျက်လုံးတို့ပွင့်သွားကာဟောင်းနွမ်းနွမ်း
မျက်နှာကျက်တစ်ခုကိုမြင်လိုက်ရသည်။
ကြောက်လန့်လွန်းစွာကုတင်ပေါ်က
ပြေးဆင်းလျှက်အခန်းထောင့်တစ်ခုဆီကို
ပြေးသွားကာဒူး၂ဖက်ပိုက်ကာအသက်ကို
ခက်ခဲစွာရှုနေရသည်။"တောင်းပန်ပါတယ်....ကိုယ့်ကြောင့်ပါ
ကိုယ့်အမှားတွေပါ....တောင်းပန်ပါတယ်.....
တောင်းပန်ပါတယ် Jimin ရယ်......"တစ်ပေါက်ချင်းကျလာသောမျက်ရည်တွေနဲ့
စိတ်ရှိလက်ရှိငိုသံတစ်ခု။စိတ်ဝေဒနာတွေသည်
နယ်မြေအသစ်တစ်ခုမှာသက်သာသလိုဟန်ပြကာ
တကယ်တမ်းကျတစ်ရက်လေးမှမသက်သာဘဲတမြေ့မြေ့
ပိုဆိုးလာနေသည်။သက်သာလွတ်မြောက်သွားပါတယ်
ဆိုသွေးစက်တွေအပေါ်ဘယ်လိုတရားပါ့မလဲ။
YOU ARE READING
Coffee Story
Fanfikceလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။