October...လလည်.....။
"ကျောင်းကိစ္စတွေစီစဉ်ထားပြီးပြီမြေး
အဖိုးဖြစ်စေချင်တဲ့ပညာရှင်ကောင်းတစ်ယောက်
ဖြစ်အောင်ထပ်ပြီးကြိုးစားပေးပါ Jeonမိသားစု
အတွက်ဂုဏ်အရှိဆုံးဖြစ်လာမှာ..."စာရွက်စာတန်းတွေနဲ့ဆက်ဦးနှောက်တွေ
ပူဖို့ကိုအလုပ်ပေးလာသည့်နေ့။ပိုပြီးခက်ခဲ
တဲ့ဘွဲ့တစ်ခုကိုထပ်ယူဖို့ကျောင်းဆက်တက်ရန်
ထပ်စီစဉ်လာကြပြနါသည်။မေမေသည်ပျော်ရွှင်နေပုံရသည်။
တခြားသူတွေသည်မကြည်မလင်မျက်လုံးတွေနှင့်
အဖိုးနှင့်Jeonအားစိုက်ကြည့်နေကြသည်။"အဖိုး ကျွန်တော်လေ ကျောင်းဆက်မတတ်တော့ဘဲ
ဒီလောက်နဲ့ပဲတက္ကသိုလ်ကျောင်းဆရာလုပ်လို့မရဘူးလားဟင်""ဘယ်လို....."
"Jungkook....အဖိုးကိုဘာတွေပြောနေတာလဲ"
"အမှန်ပြောရရင် စာသင်ရတာကို
နည်းနည်းအာရုံနည်းလာလို့ပါ အသက်ကြီးလာတော့
ကျွန်တော်မှတ်ဥာဏ်တွေလည်းမကောင်းတော့ဘူး""အဖိုးစီစဉ်တာကို အစ်ကိုJung Kookက
ငြင်းရဲတာလား...မကောင်းတာစီစဉ်ပေးတာလည်း
မဟုတ်ဘဲ...."တဝမ်းကွဲညီမဖြစ်သူဆေးကျောင်းသူညီမ
သည်စကားဝိုင်းထဲဝင်လာတဲ့အခါအမေသည်
မျက်နှာလုံးဝပျက်သွားပြီး"JungKook ညက စာတွေကြည့်ပြီး
ညဉ့်နက်မှအိပ်တယ်နဲ့တူတယ် အဖေ
စိတ်မကြည်ပုံပဲ အဆင်ပြေတယ်အဖေ
အဖေစီစဉ်တာအားလုံးပြီးပြည့်စုံတယ်
ဒီဘွဲ့ကိုယူပေးမယ် အဖေ ယူပေးမှာ""မင်းကို အဖိုး ထားတဲ့ အတိုင်းအတာက
အမြင့်ဆုံးနေရာမှာပဲJungkook...
Jeonမိသားစုရဲ့အရာအားလုံးကိုဆက်ခံမယ့်သူဟာ
တော်ရုံတန်ရုံဂုဏ်သိက္ခာ ပညာအရည်အချင်း
အဆင့်အတန်းနဲ့မရဘူး Jeonမိသားစုဟာ
အစဉ်အဆက် ဂုဏ်သိက္ခာကြီးကြီးရပ်တည်ခဲ့တာမလို့
အတော်အသင့်ဆိုတဲ့အတွေးတွေကိုအိမ်မက်ထဲတောင်
ထည့်မမက်မိစေနဲ့.....မြေးဦးဟာယောကျ်ားလေးဖြစ်ခဲ့လို့အဖိုးဟာထားစရာမရှိ
ဖြစ်ခဲ့တယ်တဲ့။သူ့ဘဝကတော့နေပျော်စရာမရှိခဲ့တယ်။
အဖိုးဟာလက်ကမချစတမ်းချစ်ခဲ့တယ်တဲ့။
သူကတော့ သူ့ဘဝသူလက်လွှတ်ခဲ့ရတယ်။
YOU ARE READING
Coffee Story
Fiksi Penggemarလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။