☕️12☕️

1.1K 240 8
                                    


"ကျွန်တော်အကြံပေးရရင်
Jungkookကို ပတ်ဝန်းကျင်အသစ်တစ်ခုမှာ
ဘဝအသစ်တစ်ခုနဲ့ပြန်စတင်စေချင်တယ်
တက်လိုက်ကျလိုက်စိတ်တွေနဲ့သူ့ကိုယ်သူ
မထိန်းချူပ်နိုင်တာတွေများလာရင်အန္တရာယ်ရှိနိုင်တယ်
သူ Jimin ကို ၁၀နှစ်မဟုတ်ဘူး နောက်အနှစ်၂၀
ကြာလည်းမေ့မှာမဟုတ်တော့ တစ်နေ့တော့
ကောင်းသွားမှာပါလ်ို့မျှော်လင့်ချက်မထားစေချင်တော့ဘူး"

"ဘာမလို့လဲ ဘာမလို့ ဒီလောက်ရူးရူးနှမ်းနှမ်း..."

အဖေဖြစ်သူသည်ဝမ်းနည်းနေတဲ့မျက်လုံးတွေနှင့်
ဒေါသတကြီးအံတကြိတ်ကြိတ်။

"အချစ်စစ် အချစ်််မှန် တွေရဲ့ ထုံးစံပါပဲ"

"မင်းပြောချင်တာက ငါတ်ို့Jungkookကို
ငါတို့မျှော်မှန်းထားတဲ့ဘဝအစီအစဉ်တွေထဲကနေ
လွတ်လပ်ခွင့်ပေးလိုက်ဖို့လား"

"ဟုတ်တယ် မိဘတွေအနေနဲ့လည်း
လက်လျှော့လို့ရပါတယ်....ပိုပြီးအံဝင်ခွင်ကျ
ဖြစ်တဲ့မိသားစုထဲကနောက်ထပ်သူကိုဆက်ခံသူနေရာကို
ထပ်စီစဉ်ပေးလိုက်တာကပိုအဆင်ပြေနိုင်မယ်"

"Jungkook ကငါတို့အိမ်ရဲ့ သားဦးလေ သားအကြီးဆုံး...."

"အဲ့ဝန်ကိုသူမထမ်းနိုင်ခဲ့ဘူးဦးလေး
ချစ်လို့ ဦးဆောင်စေချင်တာ ချမ်းသာစေချင်တာ
ကိုနားလည်ပေမယ့် ကလေးဖြစ်သူကမလိုက်နိုင်ရင်
သူနဲ့သင့်တော်တဲ့သူနေပျော်တဲ့ဘဝကိုဖန်တီးပေးပြီး
ဖြတ်သန်းခိုင်းသင့်ပါတယ်...."

"............"

"ကလေးတွေကို ပျော်ရွှင်စေရမယ် ဆိုတဲ့
စိတ်နဲ့ပဲ ပြုစုပျိုးထောင်စေချင်တယ်...
ဦးလေး လည်းတစ်ချိန်ကသူ့နေရာမှာ
ကိုယ်ပျော်ခဲ့ရသလားပြန်စဉ်းစားကြည့်ပါ
ဘာလို့ စိတ်ဒဏ်ရာတွေကိုထပ်လက်ဆင့်ကမ်းနေမှာလဲ"

"၁၀နှစ်တောင် ဒီမိသားစုရဲ့နေရာကိုပေးဖို့
ကြိုးစားခဲ့ပြီးပြီမလား....မအောင်မြင်နိုင်တော့တာမလို့
သူ့ကိုဘဝအသစ်တစ်ခုပေးလိုက်တာကအဖြေတစ်ခု
ဖြစ်ပါလိမ့်မယ်..."

"ငါတို့ ကလေးကို မချစ်တာမဟုတ်ဘူး NamJoon
သူ့ကိုပြိုင်ဘက်ကင်းလူတော်ဖြစ်ပြီးအားလုံးကိုပေးချင်လို့
ကြိုးစားခဲ့ကြတာ...ငါတို့ တစ်စုံတယောက်အပေါ်
အဲ့လောက်အထိလည်းမဖြစ်စေချင်ခဲ့ဘူး
ဒါပေမယ့် သူယောကျ်ားတစ်ယောက်ကိုတိမ်းညွှတ်
တယ်ဆိုတဲ့ အဖြစ်က မိဘတွေအတွက်ဘယ်လောက်
အိမ်မက်ဆိုးလဲမင်းသိလား....ငါတို့ဒါကိုလက်မခံနိုင်ဘူး"

Coffee StoryWhere stories live. Discover now