"ခုတလော ဘာတွေအလုပ်ရှုပ်နေတာလဲJungkook
အပြင်ပဲနေ့တိုင်းလိုလိုထွက်နေသလိုပဲ
ကျောင်းသွားတက်ဖို့ကိစ္စတွေကအဲ့လောက်
ဆက်တိုက်သွားလာနေဖို့လိုအပ်လို့လား
ဘာတွေလုပ်နေတာလဲ......""ဒီလိုပါပဲ....Coffee ဆိုင်မှာစာသွားသွားဖတ်တာပါ"
"တစ်နေကုန်လား"
"အိမ်မှာနေရတာ ပျင်းလို့ပါ
အကုန်လုံးကအလုပ်တွေနဲ့လေ ကျွန်တော်ပဲ
အားနေတာ""အရင်က အခန်းထဲကတောင်အပြင်ကိုမထွက်တတ်ပါဘူး
စိတ်ရှုပ်လို့ဆို""အမြဲတမ်းပြောင်းလဲနေတတ်တာလူ့သဘာဝပဲလေ
အရင်ကကျောင်းစာတွေနဲ့Pressure ပိနေတာလည်းပါတယ်
မေမေ ကျက်ခိုင်းမှတ်ခိုင်းတဲ့စာတွေက
ကျွန်တော်အေးဆေးအပြင်သွားဖို့ အချိန်လောက်ငှခဲ့လို့လား"အမေက အဲ့ဒီနေ့ကကျွန်တော့်ကိုသေသေချာချာ
စိုက်ကြည့်ခဲ့တယ်။လိမ်ညာနေတာလားဆိုတာ
ရှာဖွေနေတဲ့မျက်လုံးမျ်ိုးတွေနဲ့။အမေ့မျက်နှာမှာ
နားလည်ရခက်တဲ့အရိပ်အယောင်မျ်ိုးတွေလည်းအများကြီး။"စည်းနဲ့ကမ်းနဲ့ ပျိုးထောင်ခဲ့ စည်းစနစ်ကျကျ
ပညာသင်ပေးခဲ့လို့ နင်ခုလိုအဆင့်မြင့်မြင့်ဘွဲ့တစ်ခုနဲ့
လူတကာလုယက်ကြိုဆိုချင်နေတဲ့ပညာရှင်ပညာတတ်
တစ်ယောက်ဖြစ်လာတာကို ငါ့ကိုအပြစ်တင်ချင်တာလား
ကိုယ့်မှာအားလုံးလုံလောက်ပြည့်စုံပြီဆိုပျော်စမ်းပါ
ရုန်းရမယ့်အချိန်ကတော့ရုန်းရမှာပဲ....""ပျော်ရွှင်စရာတွေက အသက်အပိုင်းအခြားအလိုက်
အကန့်အသတ်ရှိတယ်လေ မေမေ""မျိုးရိုးစဉ်ဆက် ငါတို့ဒီလိုပဲ ကြိုးစားရှင်သန်ခဲ့တာ
စကားအပိုတွေမပြောနဲ့ စာအုပ်ထဲကစာတွေကို
စာအုပ်ထဲမှာပဲထားလိုက်....ကျောင်းဆက်တက်ဖို့ကို
ပြင်တော့ စိတ်ကခဏအားသွားရင် ခဏလေးနဲ့
လေလွင့်တယ်..."သက်ပြင်းတစ်ချက်ကိုပဲချခဲ့သည်။
တစ်နေ့ထက်တစ်နေ့ပိုပိုသေချာလာတဲ့
စိတ်ကုန်ခြင်းငြီးငွေ့ခြင်းတွေပဲ။"အမေက ဘာမှပြန်မပြောတဲ့ကျွန်တော့်ကို
ထပ်ပြီးစိုက်ကြည့်သွားတယ်..."
YOU ARE READING
Coffee Story
Fiksi Penggemarလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။