အပိုင်း၂
ကျွန်တော့်ညီမလေးေကျာင်း တစ်နည်း ကျွန်တော်လွန်ခဲ့သော တစ်နှစ်လောက်က တက်ရောက်ခဲ့ပြီးသော ကျောင်းကိုပြန်လည်ရောက်ရှိချိန်တွင် နေ့လည်ထမင်းစားနားချိန်ဖြစ်သောကြောင့် ကျောင်းထမင်းစားဆောင်ထဲရှိ ညီမလေးနဲ့သူ့သူငယ်ချင်းများထိုင်နေကြ နေရာဆီသို့သာ ဦးတည်၍ သွားလိုက်တော့သည်။"ယွန်းလေး.. ညီမလေး..."
ကျွန်တော် ညီမလေး နောက်ဘက်ကနေ ခေါ် လိုက်သော အခါ ပြန်လှည့်ကြည့်လာပါသည့် ကျွန်တော်ရဲ့တစ်ဦး ထဲသော ညီမလေး မျက်နှာ ကတော့ ပင်ကိုယ်အတိုင်း ခပ်တည်တည်ဖြင့်သာ ...
"နင်.. နောက်ကျ လိုက်တာ . ငါ ဗိုက်ဆာနေတာကို မနက်ကလည်း အမေက ဟင်းမကောင်းလို့ ထမင်းချိုင့် မထုတ်ပေးလိုက်တာကို သိသိရက်နဲ့ စောစောမလာဘူး"
စူပုတ်ပုတ်နဲ့ပြောလာပါသည့် ကျွန်တော့်ညီမလေး ။ ညီမလေးက ကျွန်တော့်ဆို အမြဲအနိုင်ယူနေကြ ။ အငယ်မို့လို့ဆိုးတာပါ ။ညီမလေးက ကျွန်တော့်ကို ချစ်ပါတယ် ။
"ကိုကို နောက်ကျသွားတယ်နော် ထမင်းစားချိန်လွှတ်တာ နောက်ကျသွားလို့ရယ် စိတ်မဆိုးနဲ့နော် ...ယွန်းလေးဘာစားချင်လဲ ကိုကို ၀ယ်ကျွေးမယ်လေ"
"တော်ပါ .. နင့်မှာ ပိုက်ဆံလည်း အဲ့လောက်မရှိဘဲ ပြောမနေနဲ့တော့ ငါ့သူငယ်ချင်း ဆူဟွန်း က သူ့မွေးနေ့မို့လို့ဒီနေ့ကျွေးတာ နောက်မို့ဆို ငါ အဆာလွန်နေပြီ"
ဟုတ်ပါရဲ့... ထမင်းစားခုံ ပေါ်တွင် စားစရာမျိုးစုံဖြင့် အပြည့်ရှိနေတာကို ကျွန်တော် လောနေလို့ မမြင်မိလိုက်တာပင်။
"ကိုကိုတောင်းပန်တယ်နော် နောက်ဆို ယွန်းလေးအတွက် နောက်မကျစေရပါဘူး ညီမလေး သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်ပေးဖို့ ပိုက်ဆံယူထားမလား ယွန်းလေး"
"အင်း ..... နင် ထားချင် ထားခဲ့လိုက်လေ ငါ့သူငယ်ချင်းတွေက သူဌေးတွေဆိုတာ နင်သိတယ်မလား"
သူသိတာပေါ့ ယွန်းလေးနဲ့ပေါင်းတဲ့သူငယ်ချင်းတွေဆိုတာ ကျွန်တော်တို့ရပ်ကွက်ကမဟုတ်ဘဲ တစ်ခြား လူကုန်ထံ သူဌေးတွေနေတဲ့ ရပ်ကွက်က မိန်းကလေးအပေါင်းအသင်းတွေဖြစ်လေသည်။ ဒါကြောင့်ညီမလေးမျက်နှာမငယ်ရအောင် ကျွန်တော်ကြိုးစားရှာတာလည်းပါသည်။ ကျွန်တော်တို့အိမါက အကြွေး မရှိပေမဲ့ ဖေဖေရှာတဲ့ငွေကို မေမေလေးက ကိုင်တော့ ကျွန်တော် က အိမ်က ငွေကြေးကို သိပ်မသိတာရယ် ။