အပိုင်း9
ဂျောင်ဂု ...ဒီနေ့ ထယ်ယောင်းကျောင်းကို လိုက်သွားမှာဖြစ်တယ်..သူမနေ့က ရတဲ့အချက်အလက်တွေကြောင့်တစ်ညလုံး မအိပ်ဘဲ စဉ်းစားခဲ့ရတာကြောင်ပင် ..သူ့စိတ်ထဲ ဘယ်သူရှိနေမလဲ ဘေးကသူတွေကတော့မသိနိုင်၊ဘာလို့လဲဆိုတော့ သူမျက်နှာမှာ အေးဆေးတည်ငြိမ်နေသောကြောင့်ပင်ဖြစ်သည်။ ဂျောင်ဂုအောက်ထပ်ကိုဆင်းလာတော့ ယူဆွန်းနဲ့ အွန်းယူမှာ မျက်လုံးအပြူးသားနဲ့ ပါးစပ်များပင်အနဲငယ်ဟ သွားတော့လေသည်။
သို့သော်လည်းသူတို့မျက်နှာကိုပြန်၍ထိန်းနိုင်ခဲ့သည်။မှန်ပါသည် ဂျောင်ဂု၀တ်လာပုံမှာ ပုံမှန် အလုပ်သွားနေကြ ၀တ်တဲ့ Formal Suit နဲ့မဟုတ်ဘဲ ရိုးရိုး အနက်ရောင်တီရှပ်အကျီအကျပ်ကိုမှ စတိုင်ဘောင်းဘီ နဲ့တွဲ၍ ၀တ်ထားတာကြောင့်ပင် ။သို့သော် သူမျက်နှာ၏ တည်ကြည်နေပုံမှာ 22 နှစ်ပင်မထင်ရ။ လက်တိုဖြစ်နေတာကြောင့် လက်တစ်လျောက်ထိုးထားတဲ့ တက်တူးတွေက အနုပညာရှင်ဆန်စွာ...ရှည်လျားသောအရပ်ကြောင့် အကြည့်မလွဲချင်အောင်ပင် ယူဆွန်းနဲ့အွန်းယူကလည်း ဘယ်လောက်ပင်တွေ့ဖူးနေပါစေ...မျက်တောင်မခတ် သူတို့bossကို ငေးလျှက်.....
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. " ကိုယ် တစ်ခြား ကား ငှားသွားမှာ..အနောက်ကလိုက်ခဲ့..မင်းတို့အုပ်စုက၊ နောက်ပြီး မနေ့က ကိုယ်ပြောထားတဲ့အတိုင်း လုပ်ထားတယ်နော် လွဲတာမလိုချင်ဘူး.."
"ဟုတ်ကဲ့ ...boss"
"ဟုတ်ကဲ့..boss.."
"Ok.....အပြင်ရောက်ရင် မပြောရစေနဲ့နော် ...သူနဲ့ပတ်သတ်ပြီးလွဲတာ ကိုယ် အဖြစ်မခံနိုင်ဘူး..."ဂျောင်ဂုလည်း သူ့တပည့်နှစ်ယောက်ကို လိုအပ်တာများ ညွှန်ကြားခဲ့ပြီး ထယ်ယောင်းရှိရာသို့ taxiငှား၍ထွက်လာခဲ့သည်။ တစ်ချို့သော လမ်းစဉ်များကို သူ့တပည့်များနဲ့ သူသာ သိပါလိမ့်မည်။
