အပိုင်း၇
ဂျောင်ဂုလည်း ကြောင်သေးလေးတစ်ကောင်ပိုက်ထား၍ ထိုကလေးလေး ထွက်သွားတဲ့ နေရာကိုပဲေမျှာ်ကြည့်နေမိတော့သည်။ဟန်မြစ်ကမ်းဘေးတွင်တော့ ကြောင်တစ်ကောင်ကိုပိုက်ထား၍ တစ်ခြားနေရာကိုမျက်နှာမူနေပါသော ခန့်ငြားချောမော ဆွဲဆောင်မှု့ရှိလှပါသော အမျိုးသားငယ်လေးကိုမြင်တွေရပါလိမ့်မည်။
" ကျစ်!....၅ မိနစ်တောင်ရှိနေပြီ .. ပြန်မလာသေးဘူးမသိဘူး"
အမြဲ စိတ်အေးစွာ လုပ်တက်ပါသော အရာရာကို သည်းခံနိုင်အောင်လေ့ကျင့်ထားပါေသာ သူသည် ၅ မိနစ်လေးကိုပင် စိတ်မရှည်နိုင်တော့ပါ.။ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်သောအခါ အဝေးဆီမှ ပြေးလွှားလာပါသောအရိပ်ကလေးကို တွေ့မှသာ သူ့ဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်ထားလိုက်လေတော့သည်။"ကိုကို....စောင့်ရတာကြာသွားလားဟင်.. သားတောင်းပန်ပါတယ်နော် ကြောင်စာလေးမရလို့ နောက်တစ်ဆိုင်ကိုသွားရလို့ပါ...."
" "
"ကိုကိုစိတ်ဆိုးသွားတာလားဟင် ... တောင်းပန်ပါတယ်နော် ကိုကို့အတွက် အအေးလေး သား၀ယ်လာခဲ့တယ် သောက်လိုက်ပါဦးနော် ပိစိလေးကိုကြည့်ထားပေးလို့ပါ ...သားကိုစောင့်နေလို့လဲ ကျေးဇူးအများကြီးတင်ပါတယ်နော် ကိုကို.."
သူစိတ်ဆိုးနေသည်အထင်နဲ့ လေသံချိုအေးအေးနဲ့ လာတောင်းပန်ေနပါသော ကလေးလေးကြောင့် သူ့ဘ၀ရဲ့ပထမဆုံး အပြုံးမမည်သော အပြုံးသော ဖူးပွင့်လာရသည်။ အပြည့်အစုံအရယ်ပြုံးသော်လည်း နှုတ်ခမ်းတစ်ဖက်တွန့်ချိုးပြုံးနေပုံမှာ ကိုယ့်ကိုယ်တိုင်တောင်ရှိမှန်းမသိတော့တဲ့ ပါးချိုင့်လေးဟာလည်း လှစ်ဟာပြလာတော့သည်။
ထယ်ေယာင်းလဲ စောင့်နေရပါသောကိုကိုတစ်ယောက်အား အားနာပြီးတောင်းပန်စကား ပြောလိုက်သောအခါ အဲ့ကိုကိုရဲ့ ပါးမှာ အမှတ်မထင် ပါးချိုင့်လေး ပါသော အပြုံးမမည်သော အပြုံးလေးအား အမှတ်မထင်တွေ့လိုက်ရတော့ငေးခနဲ ဖြစ်သွားပြီး ကြောင်ပြီး ကြည့်နေမိတော့သည်။
" ရပါတယ်....ကျွေးမယ်ဆိုကျွေးလေ .. စောင့်နေပေးမယ်.."
ထယ်ယောင်းလည်း ကိုကို့စကားသံကြားမှ အသိစိတ်ပြန်၀င်လာမိပြီး ကြောင်ကလေးအား ကိုကို့ဆီမှ ယူ၍ ချီလိုက်ပြီး မြက်ခင်းပေါ်တွင်ထိုင်ချ၍ ကြောင်လေးအား စိတ်ရှည်လက်ရှည် အစာကျွေးနေမိတော့တယ်...။အစာ၀သွားသော ကြောင်လေးသည် ထယ်ယောင်းဆီမှ အခြားတစ်နေရာသို့ ပြေးထွက်သွားလေတော့သည် ။ ကြောင်လေးထယ်ယောင်းဆီမှ ထွက်သွားသောအခါ နှမြောခြင်းမမည် ၀မ်းနဲသွားသော ထယ်ယောင်းမျက်နှာ လေးကို တစ်ယောက်ယောက် စောင့်ကြည့်နေသည်ကိုတော့ထယ်ယောင်းတစ်ယောက် မသိချေ။
![](https://img.wattpad.com/cover/381199295-288-k393487.jpg)