အပိုင်း12
ထယ်ယောင်းလည်း ဂျောင်ဂုနဲ့ အလုပ်ဆင်းနေသည်မှာ တစ်လပင်ကျော်နေလေသည်။သူ့အတွက်က ဂျောင်ဂုအနားမှာသာ နေရပြီး ဂျောင်ဂုနဲ့အပြင်အတူတူသွားရပါသည်။ တစ်ချို့စီနီယာ အမတွေက သူ့ကို သိပ်မလိုလားကြပါ။ ကိုကိုက ခပ်တည်တည်နေ၍သာ သူတို့ဘာမှ သိပ်မဖြစ်ကြချင်းပင်။ ဌာနမှူးကလည်း ကိုကိုမရှိချိန် သူ့ကို အလုပ်ခိုင်းပါသည်။ သူကတော့ သူ့အလုပ်ဖြစ်သည့်အတွက် တက်တက်ကြွကြွ လုပ်ပေးပါသည်။ဒါမှ ကိုကိုမျက်နှာမပျက်ရမှာ ပေါ့ ။
ဒါပေမဲ့ တစ်ခါတစ်လေ ဌာနမှူးက သူ့ကို ဟိုကိုင် ဒီကိုင်နဲ့မို့ ဌာနမှူး သူ့အနားလာမှာ ကြောက်မိပါသည်။ ယောကျာ်းလေးချင်းမို့ ကိုကို့ကိုလည်းမပြောတော့ပါ။ ဘာမှလည်းသိပ်ဖြစ်တာမဟုတ်တော့ ဒီတိုင်း..ထားလိုက်ပါသည်။ ဘာပဲပြောပြောကိုကိုလုပ်ပေးလို့ သူအချိန်ပိုင်းအလုပ်တွေ အများကြီးမဆင်းရတော့ဘဲ လစာကောင်းကောင်းလေးနဲ့ အိမ်ကိုလည်းထောက်ပံ့နိုင်ပြီး သူ့ကျောင်းအတွက်လည်းစုထားနိုင်ခဲ့ပါသည်။ကိုကို့ကိုလည်းမုန့်၀ယ်ကျွေးမှပါ။
ကိုကိုဆိုမှ ကိုကိုက တကယ်စွံတာပဲေရာ ရုပ်ကသာ တည်တံ့နေတာ ဘယ်နေရာသွားသွား ကိုကို့ကို လိုက်ကြည့်ပြီး ကိုကို့ကို သဘောကြတဲ့သူတွေအများကြီးမို့ သူ့ကိုကိုအတွက် ဂုဏ်ယူမိပါသည်။ဒါပေမဲ့ အဲ့လိုတွေးတိုင်း ရင်ထဲအောင့်တက်မိတာ ဘာကြောင့်များလဲမသိဘူး.. ကိုကိုနဲ့အမြဲ အလုပ်သွားအလုပ်ပြန်မလို့ ကိုကို့အား သူသံယောဇဉ် တွယ်တာရပါသည်။ တစ်နေ့တစ်နေ့ဘာလုပ်တယ်က အစ ပြန်ပြောမိအောင်ကိုပင် တွယ်တာမိပါသည်။ ငါ့ကိုကိုသာ ကောင်မလေးရရင် သူ တစ်ယောက်တည်းပြန်ဖြစ်တော့မှာကို တွေးရင်း၀မ်းနဲမိပါသည်။အဲ့တာကြောင့်ပဲ ဖြစ်မယ်ထင်ပါသည်။
"ဟိတ်..သွားမယ်လေ..ဘာတွေ တွေးနေတာလဲ..!!ဘယ်သူ ဘာပြောလို့လဲ!!!"
" "
"ဟမ်! ပြောလေ။ ဘာဖြစ်လို့လဲလို့!! ကိုယ်စိတ်ပူအောင်လို့"
"ဟို ဘာမှမဟုတ်ပါဘူး ကိုကို...သား ဇာတ်လမ်းအကြောင်းတွေးမိသွားလို့ပါ"