part 5

49 5 2
                                    

5
          ထယ်ယောင်း ကျောင်းကပြန်ရောက်လာတော့ အ၀တ်အစားလဲပြီးတော့မေမေလေးဆီကို ကူညီဖို့ ထွက်လာခဲ့သည်။ ညီမလေးက နောက်ကျမှ ပြန်ရောက်မှာ ဖြစ်သည့်အတွက် အိမ်ကို သေချာ သော့ပိတ်ထားခဲ့ပြီး သော့ကို ဘောင်းဘီအိတ်လေးထဲပြန်ထည့်ပြီး ဖိနပ်အပါးလေးစီးပြီးထွက်လာခဲ့သည်။
  
        နွေဦးရာသီလည်း ရောက်တော့မှာဖြစ်သဖြင့် အကျီအဝါရောင်တီရှပ်လေးနဲ့ ဘောင်းဘီဒူးအတိလေးကို၀တ်ထားတဲ့16နှစ် အရွယ်ထယ်ယောင်းလေးက နွေဦးရာသီလေးနဲ့အပြိုင် နုနယ်သစ်လွင်နေတော့သည်။ ဆံပင် အညိုရောင် ရှေ့အုပ်ကလေးကလည်း လေတစ်ဖြူးဖြူးတွင် ပျံဝဲလျက်။

         လူတစ်ယောက်ရဲ့ စိတ်က မျက်နှာမှာ ပေါ်လွင်နေတယ်ဆိုတဲ့ စကားကအမှန်ပင်ဖြစ်လိမ့်မည် ထင်သည်။ ထယ်ယောင်းရဲ့မျက်နှာလေးသည် အသက်ငယ်သော်ငြား ဖြူစင်ခြင်း ရိုးသားခြင်း အေးချမ်းခြင်းရဲ့ အကြည်ဓါတ်ကလေးသည် မျက်နှာတွင်ပေါ်လွင်နေပေလိမ့်မည်။မြင်တဲ့သူတိုင်းက ချစ်ဖို့ကောင်းလိုက်တာ  အေးချမ်းလိုက်တာလို့ ထင်နေမိမှာ မလွဲပင် ။
   
         "  မေမေလေး သား နောက်မှာ ပန်းကန်တွေသွားဆေးလိုက်ဦးမယ်နော်"

         ဆိုင်ထဲသို့ရောက်ရောက်ခြင်းမှာပင် မုန့်ပွဲပြင်နေသော မေမေလေးကိုတွေ့၍ လှမ်းပြောလိုက်ပြီး ဆိုင်နောက်ဘက်တွင် ပုံနေသော ပန်းကန်များကို ဆေးရန် ၀င်လိုက်တော့သည်။မေမေလေးရဲ့ ‌သူ‌ေရာက်လာတိုင်း ဆူပူပြောဆိုသံတွေကလည်း အနောက်တွင်ကပ်ပါလာခြင်းသည် ထုံးစံပင်တည်း။

         "မင်းလည်း ..စောစောစီးစီးဘယ်တော့မှမလာဘူး.... ငါတစ်ယောက်တည်း လုပ်နေရတယ် ..အမြဲ လာလိုက်ရင်..နှေးတုံ့ နှေးတုံ့နဲ့ အဲ့တာမြန်မြန်လုပ် ပြီးရင်မုန့်တွေ လိုက်ပို့..."

          "ဟုတ်ကဲ့‌..မေမေလေး ..သားနောက်ဆိုမြန်မြန်လာခဲ့မယ်နော်.."။  ဟု ထယ်ယောင်း အပြုံးလေးဖြင့်သာ ပြန်၍ပြောလိုက်ပါတယ်။
          
         မေမေလေးက သူ့ကိုကောင်းစေချင်လိ့ုဆူတာမို့ သူအပြစ်မမြင်ပါဘူး ။သူ မေမေလေးကို ချစ်ပါတယ်။

          "ဟဲ့...ထယ်ယောင်း ပြီးရင် ဟန်မြစ်ကမ်းနားကအိမ်ကို မုန့်သွားပို့ပေး.. မြန်မြန်ပြန်လာနော် ပိုက်ဆံပါ တစ်ခါတည်း ယူခဲ့ ..!!ကြားလား! "

My heart owner Where stories live. Discover now