"ထယ်ထယ်!"သူ့နာမည်လေး ခေါ်သံ ကြားလို့ လှည့်ကြည့်မိလိုက်တော့ အချစ်ရဆုံး သံယောဇဉ် အတွယ်တာရဆုံး သူငယ်ချင်း ပတ်ဂျီမင်း ။ သူကတော့ ဂျီဂျီ လို့လဲ ခေါ်ပီး တစ်ခါတရံ မိုချီ လေး လို့လဲ ခေါ် တယ် ။ သူနဲ့ ဂျီဂျီနဲ့က အိမ်ချင်းလည်း နှစ်အိမ်ကျော်လောက် သာ ကွာဝေးပြီး သာမန် လူတန်းစားရပ်ကွက်လေးတွင် ဂျီဂျီတို့က အတော်အသင့် ငွေကြေးပြေလည်သည့် လူတန်းစားမျိုး ဖြစ်သည် ။
ကျွန်တော်တို့အိမ်တွင် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဖေဖေနဲ့အတူ ရပ်ကွက်ထဲတွင် ဈေးဆိုင်အသေးလေး ဖွင့်ထားသည့် မေမေလေးနှင့်အတူနေထိုင်သည်။ မေမေလေးလို့ ခေါ်ရခြင်းကတော့ ဖေဖေက ကျွန်တော်၏ အသက်၁နှစ်လောက်တွင် အမေရင်းက နှလုံးရောဂါဖြင့် ဆုံးပါးသွား၍ ဖေဖေက နောက်အိမ်ထောင် ပြုထားသော အမျိုးသမီးကို မေမေလေးဟု ခေါ်ခြင်း ဖြစ်သည်။
ဖေဖေနဲ့မေမေလေးတို့ အိမ်ထောင်ပြုပီး မကြာမှီ ကျွန်တော်နဲ့အသက် ၁နှစ်ခွဲကျော် လောက် ငယ်သည့် ညီမလေး ကင်ယွန်းဟာလေးကို မွေးဖွားခဲ့သည်။ ကျွန်တော်က ကလေးလည်းချစ်တက်ပီး ကျွန်တော့ညီမလေးလည်းဖြစ်သည်မို့ အရမ်းချစ်ရပါသည်။
"ဟာ....ဟိတ်' ထယ်ထယ်နော် ..ငါ ပြောနေတာကို ဘာတွေးပီး ငေးနေတာလဲ"
အဲဒါပဲ ကြည့်တော့ ကျွန်တော့သူငယ်ချင်းလေးက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုရင် နှုတ်ခမ်းလေးဆူပီးပြောနေတာကိုက ဆန်မုန့်လုံးလေးလိုပဲ ...
"ဟာ! ...ဘာမှ မတွေးရပါဘူး ကွာ ငါ က မင်းကိုကြည့်ပီး ငါတို့ ငယ်ငယ်တုန်းကအကြောင်းလေး တွေကို တွေးနေတာပါနော်"
ကျွန်တော်လည်း လက်ကလေးလှုပ် ခေါင်းလေးခါပီး ဖြေရှင်းပေးလိုက်တော့မှ ကျွန်တော့သူငယ်ချင်းလေး ရဲ့မျက်နှာလေးက မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ ရယ်မောသွားလေသည်။
"ထယ်ထယ် . ငါတို့ ဒီနှစ် အထက်တန်းပထမနှစ်ပြီးရင် ဘာလုပ်မလဲဟင် .ငါကတော့ ရပ်ကွက်ထဲ ဖွင့်ထားတဲ့ ဒေါ်လေးရဲ့ စတိုးဆိုင်မှာ အချိန်ပိုင်းေလး ၀င်လုပ်မလို့ .ထယ်ထယ်ကော ဘာလုပ်မလဲ"
![](https://img.wattpad.com/cover/381199295-288-k393487.jpg)