အပိုင်း6
ထယ်ယောင်းလည်း မုန့်ပို့ပေးရမည့်အိမ်လိပ်စာ ရှာရင်းနဲ့ ဟန်မြစ်ကမ်းဘက်ကိုရောက်ရှိလာပါတော့သည်။
"အော့် ...ဟိုနားကအိမ်လေးပဲ... အိမ်ရှင်တို့..."
လိပ်စာ စာရွက်လေးကိုကိုင်ပြီး ခြံလေးထဲကို ချောင်းကြည့်နေတဲ့ ထယ်ယောင်းလေးက ပကတိချစ်စရာ။" အိမ်ရှင်တို့ ...မုန့်လာပို့တာပါခင်ဗျာ......"
ချိုသာတဲ့အသံလေးနဲ့ ထယ်ယောင်းက အိမ်ထဲကိုကြည့်ရင်း ထပ်အော်ခေါ်လိုက်ပ့ါသည်။"လာပါပြီ.....တောင်းပန်ပါတယ်သားရယ် ..အန်တီက အိမ်နောက်ဖေးရောက်နေလို့ပါကွယ် ဘယ်လောက်ကျလဲ ကလေး..."
"မဟုတ်တာ....ရပါတယ် အန်တီ ..တောင်းပန်စရာမလိုပါဘူး.. သားက လူရှိလားလို့ခေါ်ကြည့်တာပါ..ကျသင့်ငွေက( )ပါ အန်တီ ...ဟီးးး"
"အာရီးဂူးးချစ်စရာကောင်းလိုက်တာကွယ် ဒီမှာ ပိုက်ဆံနော် ကလေးလေး ..မုန့်ဖြစ်ဖြစ်၀င်စားပါဦးလား .."
"မစားတော့ပါဘူး အန်တီ...သား ဆိုင်မှာ ကူလုပ်ရမှာမို့လို့ပါ..ကောင်းကောင်းနေရစ်ခဲ့ပါနော်.."
ထယ်ယောင်းနဲ့ အန်တီနဲ့စကားစဖြတ်ပြီး ဟန်မြစ်ကမ်းလဘးကနေ စက်ဘီး စီးပြီးပြန်လာခဲ့တော့တယ်။ဂျောင်ဂု ဆိုင်ကယ်ပတ်မောင်းရင်း တိတ်ဆိတ်တဲ့ ညနေခင်းအချိန်မှာ မြစ်ကမ်းဘေးကိုရောက်မှန်းမသ်ိရောက်ခဲ့ရတယ် ။ သူလည်း အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေးကိုသဘောကျလို့ ဆိုင်ကယ်စက်ရပ်လိုက်ပြီး မြစ်ကမ်းဘေးကိုမျက်နှာမူလိုက်ပြီး တိုက်ခတ်လာသော လေရဲ့အရသာကို ခံစားနေလိုက်တော့တယ်။တိုးေ၀့ှလာသောလေနုနုလေးမြားသည် ဂျောင်ဂု၏ မျက်နှာနဲ့ဆံပင်လေးမျာကို ထိခတ်သွားသောအခါ ညနေဆည်းဆာနဲ့အပြိုင် ယောကျားပျိုတစ်ယောက်ရဲ့ ဆွဲဆောင်မှု့ကိုမဖုံးဖိနိုင်ပါတော့ခြေ။ထိုစဉ်......
"ဟိတ်...ပိစိလေး... တစ်ယောက်တည်းလား...ဒီမှာဘာလုပ်နေတာလဲ ...မုန့်မုန့်စားချင်လို့လား.ကိုကို့မှာ ရေခဲချောင်းလေးပဲပါတာရော.ပိစိလေးက စားချင်လို့လားဟင်.."