အပိုင်း 10
"ကိုကို!!!!!!"
အဲ့တာ အိမ်ထဲက ထွက်လာတာကိုကိုမလား.. ထယ်ယောင်းလဲ အနားရောက်လာတဲ့ သူကိုကြည့်ပြီး အံဩပြီး အော် မိလိုက်လေသည်။
"အင်း... ကိုယ်..၊ဒါအိမ်က ကိုယ်ငှားနေတဲ့အိမ်လေ...ကောင်လေးက ဘယ်မှာနေတာလဲ..!"
"သားအိမ်ကဒီမှာလေ ကိုကိုရဲ့.ဟီးး"
သူအိမ်လေးကို လက်ညိုးလေးထိုးပြလာပါသော ကလေးငယ် ၊တစ်ဆိတ် အရမ်းချစ်ဖို့ကောင်းလွန်းမနေဘူးလား..အဲ့လက်ကလေးကို ဆုပ်ကိုင်ခွင့်ရချင်လိုက်တာ..ကိုယ်တွေးနေတုန်း မျက်နှာလေး ပြန်မော့ မလာဘဲ ခေါင်းငုံ့နေသော ကောင်လေးကြောင့် ခုနကထဲက စိုးရိမ်စိတ်လေးပြန်ပေါ်လာရသည်။
"ဘာဖြစ်လို့လဲ!ကောင်လေး..ဘာဖြစ်တာလဲ.ဘယ်သူလုပ်တာလဲ!!!!."
"ဟို...သား က မကောင်းတဲ့ လူနဲ့ တူသွားလို့ပါ ကိုကို"
ခေါင်းမော့ပြီး သူ့ကိုပြန်ဖြေလာပုံက အမှားလုပ်ပြီး အပစ်ခံရမှာကြောက်တဲ့ ကလေးလေးနဲ့တူသယောင်..ဒါပေမဲ့ သနားစဖွယ်လေးကလည်းကပ်ပါနေသေးသည်..သူ့ကလေးငယ်ကို ဘယ်သူကများ ဒီလိုမျိုးဖြစ်အောင်လုပ်ရတာလဲ!!
"ဘယ်သူပြောတာလဲ..ကောင်လေးက အဲ့လိုမျိုးမှ မဟုတ်တာကို.."
ချော့ပြောခြင်းဆိုတာ ဂျောင်ဂု သမိုင်းမှာ ရာဇ၀င်မရှိ ၊ကလေးငယ်ကတော့ချွင်းချက်ပေါ့လေ..အော် အချစ် ..လူတစ်ယောက်ကိုအလုံးစုံပြောင်းလဲနိုင်အောင် လုပ်နိုင်ပါလားနော်...
"ဘယ်သူမှ ..မပြောပါဘူး.သားဘာသာထင်မိတာပါကိုကို..."
"ဘာလို့ထင်တာလဲ..ကိုယ့်ကိုပြောလို့ရနိုင်မလား"
ကိုယ့်ကိုပြန်ကြည့်နေပုံလေးက ဆောင်းခို၀က်ဝံလေးအလား အသည်းယားပြီး ဖျစ်ညှစ်လိုက်ရရင် အရိုးလေးတွေကြေလောက်မယ်ထင်။
" သားကို ကိုကိုက လာကြိုမယ်လို့ပြောတာလေ ..အဲ့တာ သားက မျှော်နေသေးတာမို့..ဒါပေမဲ့လည်း ကိုကိုမလာတော့ သားစိတ်လည်းပူပြီး ဘာလို့မလာတာလဲလို့..တွေးနေမိတာ..သားကို လိမ်ပြီးပြောလိုက်တာ ထင်လိုက်တာ တကယ်ဆို..ဟို ကိုကိုက အိမ်ပြောင်းနေတာကို..မတွေးမိဘဲ သားက မဟုတ်တာ တွေးမိလိုက်တာ မို့.."
