part 4

122 8 0
                                    


"ဒေါက် ဒေါက်"
တံခါးခေါက်သံ နှစ်ချက် ပေါ်ထွက်ပြီးနောက် အခန်းထဲသို့ ၀င်လာပါသော ယူဆွန်းသည် Steven Jeon နဲ့အကွာအဝေးတစ်ခုစီတွင်ရပ်လျှက် ....

" Boss .. Ms.Jeon Anna ရောက်ရှိလာပါတယ် "

" အင်း ... စောင့်ခိုင်းထား နောက် ၃မိနစ်နေမှ၀င်ခိုင်း.."

" ဟုတ်ကဲ့. Boss"

ဆိုလိုသည့်အဓိပ္ပါယ်ကို ကောင်းစွာ နားလည်၍ သူ၏ သခင် ပြောသည့်အတိုင်းထွက်သွားပါသော ညာလက်ရုံး ယူဆွန်း။

"ငါ ဘယ်သူလဲ! သိတယ်မလား !! နင်တို့ထမင်းအိုး ကွဲသွားချင်တာလား ပြောလေ "

" စိတ်မ၀င်စားပါဘူး.."

မှင်သေသေဖြင့်ပြန်လည်ဖြေကြားလာပါသော ဘယ်လက်ရုံး ကန်အွန်းယူ။

"ဘာ!!!!!!!!!"

"ကျွန်တော်တို့ ကုမ္မဏီမှာ အလုပ်လုပ်နေတဲ့အသံကလွဲလို့ စကားကျယ်ကျယ် ပြောလို့မရပါဘူး "

"တောက်!!!! ..နင်!! ငါနဲ့တွေ့မယ်"

ထိုအချိန်ပြန်ရောက်လာပါသော ယူဆွန်း ...အတုံ့အလှည့် စကားသံများကို ကြားနေရ‌ပါသော်လည်း ..သူနှင့်မဆိုင်သလိုသာ...

"Ms.Jeon Anna.... Boss က နောက်သုံးမိနစ်နေရင် boss ဆီသွားလို့ရပါပြီ.."

"ဘာ!!! ငါက ၃မိနစ်စောင့်ပြီး၀င်ရမယ် ဟုတ်လား..ဟားး ဟားးတွေ့မယ် နင်တို့နှစ်ယောက်စလုံး..."

"          "

"            "
သူတို့၏ boss ရုံခန်းတံခါး‌‌ ပေါက် ရှေ့တွင် အပြုံးအရယ်မရှိ ရပ်စောင့်နေပါသော ယူဆွန်းနဲ့ အွန်းယူ..။

" Ms. ၀င်လို့ရပါပြီ"

တံခါးကို ယူဆွန်းမှ လက်တစ်ဖက်ဖြင့်ဖွင့်ပေးသောအခါ တံခါးဘေးတွင် ကပ်၍ရပ်နေပါသော အွန်းယူကို ရအောင်ပခံုးနဲ့တိုက်သွားပါသော Anna..။မျက်စောင်းက နှစ်ယောက်စလုံးကို ထိုးလျှက်အခန်းတွင်းသို့ ၀င်ရောက်သွားလေသည်။

"ဟွန့်... ငါတို့ရဲ့ ဂျွန်အိမ်တော်ရဲ့ အသိမှတ်ပြုမခံရတဲ့ သား ဘယ်ဆိုးလို့လဲ ပြန်ရောက်နေတယ်လို့ကြားလို့ ၀င်လာလိုက်တာ...အရမ်းကိုတော်ပြီး ချမ်းသာနေတာပဲ .. ဒီက ညီမကိုရော..သတိမရဘူးလား.."

My heart owner Where stories live. Discover now