အပိုင်း8
ဂျောင်ဂုနဲ့ ထယ်ယောင်းလည်း ကိုယ်စီ မြစ်ကမ်းဘေးမှ ထွက်လာပြီးနောက် အချိန်သိပ်မပေးလိုက်ရဘဲ လမ်းတစ်လမ်းကျော် ရပ်ကွက်တစ်ခုရဲ့ အထဲမကျတကျ တွင် လမ်းဘေးအမိုးလေးနဲ့ ဆိုင်ခန်းတွဲရက်လေးတစ်ခုကိုတွေ့လိုက်ရတယ်....။ ခပ်ကျဉ်းကျဉ်းအခန်းထဲတွင် စားသောက်စရာလေးများက သန့်သန့်ရှင်းရှင်းနဲ့သာ ..
"မေမေလေး.....သားပြန်လာပြီ....ဧည့်သည်လည်းပါတယ်မေမေလေး...""ဖြန်း......ဟဲ့ကောင်လေး... သွားတာပြန်ေပါ်မလာတော့ဘူး....သေနေတာလား....ဒီမှာ ငါတစ်ယောက်တည်း..အလုပ်ရှုပ်နေတာကို..."
ဆိုင်ထဲ၀င်ကတည်းက ဆူလည်းဆူ ၀င်၀င်ချင်း ထယ်ယောင်းလေးကျောကုန်းကို လက်ဝါးဖြင့် ရိုက်လိုက်တာ မျက်နှာရှုံ့မဲ့နေပုံက သနားစရာ..ဂျောင်ဂု ထိုအဖြစ်ကိုမြင်မြင်ချင်း မျက်ခုံးတို့တွန့်ချိုးသွားရတယ်..သူ့ကောင်လေးက အရိုက်ခံရတာလား..ဒါပေမဲ့လည်း မျက်နှာမှာ ဒေါသတို့မဖြစ်တည်ဘဲ ပြုံးနေပုံမှာလည်း ဖြူစင်မှု့တို့က ဒီကလေးလေးရဲ့အားသာချက်ထင်ပါရဲ့..."လာပါရှင့်..ဧည့်သည်..ဘာစားမလဲရှင့်..ကြွပါ.."
"အဆင်ပြေတာသာ ပေးပါ ..."
တည်တံ့သော မျက်နှာဖြင့် ကောင်လေးမေမေလေး ဆိုသူအားပြန်၍သာဖြေလိုက်သည်။ ကောင်လေးကတော့အနောက်ဘက်ထဲသို့ ၀င်ပြီးကတည်းက ပြန်ထွက်မလာသေးပေ။
"ဟုတ်ကဲ့... ကောင်းတာလေးတွေချပေးပါ့မယ်နော်....ခဏစောင့်ပါဦး..."
"ဟဲ့...ထယ်ယောင်း ...ဒီမှာ ပန်းကန်တွေကူသိမ်းလေ ....ဘာလုပ်နေလဲ အဲ့အနောက်မှာ ခဏထားခဲ့ ... တစ်ခြားဝိုင်းတွေကို လိုက်ချပေးလေ .....အမြဲ နှေးတုံ့ နှေးတုံ့နဲ့...."" ဟုတ်ကဲ့......လာပါပြီဗျ...."
ထယ်ယောင်းလည်းနောက်ဖေးက ဆေးစရာ ပန်းကန်များကို အသာချထားတာ အရှေ့ကိုကူညီရန်သာ ထွက်ခဲ့လိုက်သည်။ ဟိုကိုကိုကော အဆင်ပြေရဲ့လားမသိဘူး...သူေခါ်သာခေါ်လာရတာ ... သူလည်းအလုပ်တွေရှုပ်နေတော့ အားနာစရာကြီး...
အရှေ့ထွက်လာလိုက်တော့ ဟိုကိုကိုက ထောင့်စွန်းဝိုင်းလေးမှာ သူသွားနှုတ်ဆက်ချင်ပေမဲ့ တစ်ခြားဝိုင်းတွေကို စားစရာချပေးရတော့ သွားမကြည့်နိုင်...အဲ့ကိုကို တောက်လျောက်သူ့ကိုကြည့်နေတာ သိတော့ အားနာရသည်။အဲ့ကိုကို စားစရာမှာရတာ အဆင်ပြေရဲ့လားမသိဘူး ...သနားပါတယ်..သူ့ကို အားကိုးပြီးလာတာမလား ...
ထယ်ယောင်းလေးက အဲ့လိုစိတ်ထားလေးရယ်ပါ။ သူ့အတွက်ထက် သူများကိုသာ ပိုကြည့်တက်ပြီး အကောင်းမြင်လွန်တဲ့ကလေးလေးရယ်ပါ။
![](https://img.wattpad.com/cover/381199295-288-k393487.jpg)