part 3

53 3 0
                                    


ကျွီ...!!!!!!!!

ဆိုးလ် မြို့လယ်ခေါင်ရှိ ကြီးမားတဲ့ အဆောက်အဦးကြီးရှေ့၌ နောက်ဆုံးပေါ် တံခါး၈ပေါက်ပါသော ကားတစ်စီးထိုးဆိုက် လာချိန် ထွက်ပေါ်လာသော အသံ တစ်ခုဖြစ်သည်။ ထိုကားအနောက်နှင့်အရှေ့ဘက်တွင် limited edition Lamborghini ကား နှစ်စီးစီလည်း ခြံရံလျှက် ပါရှိကြောင်း သိနိုင်ပါလိမ့်မည်။

ထို့နောက် အလယ်ကားပေါ်ရှိ driver တစ်ဦးဖြစ်ဟန်တူသော လူတစ်ယောက်ဆင်းလာ၍ နောက်ဘက်ရှိ တံခါးကို ဆွဲဖွင့်၍ လုပ်ဆောင်နေကြဖြစ်သည့်အတိုင်းသူ၏ဦးခေါင်းကိုတစ်ပါတည်း အောက်သို့ ၉၀°ငုံထား လျှက်ရှိသည်။ထိုအချိန်တွင် ကားအောက်‌ခြေသို့ရောက်ရှိလာပါသော နက်မှောင်၍ပြောင်လက်နေသော ဖိနပ်တစ်ရံ အနဲဆုံး‌‌ ထိုဖိနပ်တစ်ရံစာသည် $10000(လက်ခုလက်ရှိ မြန်မာ ငွေ ပေါက်ဈေး သိန်း၅၀၀ကျော် ခန့်မှန်း)ခန့် ရှိပါလိမ့်မယ်။

ကားပေါ်မှ ဆင်းလာပါသော အရပ်6'3"၊ ခန္ဓာကိုယ် တောင့်တင်းလှပါသော 8 packများဟာဖြင့် သူ၏ အကျီ‌ေအာက်တွင်အထင်းသား ရုန်းကြွလျှက် ၊နက်ပြာရောင်အနောက်တိုင်း၀တ်စုံကို၀တ်ဆင်ထားပါသော ထိုသူ၏ ဘယ်ဘက်လက်ရှိ ကမ္ဘာပေါ်တွင်တစ်လုံးသာ ရှိပါသော သူ့တစ်ယောက်တည်းအတွက်ထုတ်ထားသော Rolex နာရီက လက်ဖြူဖြူဖွေးဖွေးတွင်ပနံရလျှက်သား။ ညာဘက်လက် တွင် ဘယ်လောက် အတိုင်းအတာထိ ထိုးထားမှန်းမသိသော tattoo များကလည်း ကြီးမား၍ ဖြုဖွေးသော လက်ချောင်းလေးများတွင် အစီအရီနေရာယူလျှက်။

ရုပ်ရည်အားဖြင့် ဖြူဖွေးသောအသားအရည်ရှိပြီး ကြယ်လေးများလို တစ်လက်လက်တောက်ပလျှက်ရှိသည့် စူးရှသောမျက်၀န်းဝိုင်းဝိုင်းများ ၊ အ နီရောင်သန်းနေပါသော ခပ်ပါးပါးနှုတ်ခမ်းပါးအောက်‌ခြေရှိ မှဲ့နက်ကလေးတစ်လုံးကလည်းဆွဲဆောင်မှု့ရှိလျှက် ။ တည်ကြည်သော ရုပ်ရည်၊ ဆွဲဆောင်မှု့ရှိသော ခန္ဓာကိုယ် ၊စကားကို လိုအပ်တာထပ် ပိုမပြောတက်ပါသော ဤလူသားသည် ကိုရီးယားတွင်သာမက တရုတ်၊ထိုင်း၊စကာ်ပူ၊က‌ေနဒါ၊U.S၊U.S.A၊ ဩစီ......စသည့် နိုင်ငံပေါင်းတော်တော်များများမှ ကမ္ဘာနံပါတ်1အချမ်းသာဆုံးပုဂ္ဂိုလ် "ဂျွန်ဂျောင်ဂု ခေါ် Jeon Steven Ian".......

My heart owner Where stories live. Discover now