အပိုင်း 14
ထယ်ယောင်းနဲ့ ဂျောင်ဂုလည်း အလုပ်မှ အတူတူပြန်လာကြတော့ ကိုယ်စီ အိမ်ကို နှုတ်ဆက်ရင်း၀င်သွားကြလေသည်။
"ခွမ်း..."
ထယ်ယောင်းလည်း အိမ်ထဲမှ အသံများကြားရ၍ အမြန်ပြေး၀င်သွားကြည့်ရာ မေမေလေးနဲ့ ညီမလေးနဲ့ ကတစ်ဖက် ၊ဖေဖေက တစ်ဖက်ခြမ်းနေ၍ သူတို့ကြားထဲ ပန်းအိုးတစ်လုံး ကျကွဲနေခြင်းဖြစ်သည်။
"ရှင် .!!ဘာများအသုံးကျလို့လဲ..ဟမ်!!အခုကကျွန်မ သမီးရှေရေးရှိသေးတယ် ..နားမလည်ဘူးလား အခုက သူလည်း သေစာ ရှင်စာ ဖတ်တက်နေပြီလေ..တော်ပြီပေါ့.."
"မင်း..!!မင်းဘာစကားပြောလိုက်တယ်..အခုမှ ငါ့သားရဲ့ လစာက များလို့ ကျောင်းထွက်ခိုင်းနေတာလား ..ဟမ်!! သားသမီးချင်း မင်းမခွဲခြားနဲ့ ငါ့သားငယ်ငယ်ကလေးတည်းက မင်းကြည့်လာခဲ့တာပဲလေ..အဲ့တာလည်း မင်းသားပဲမဟုတ်ဘူးလား..."
"အို...ဘာမှ မသိချင်ဘူး..အခုက ကျောင်းစာရိတ်တွေက ဈေးကြီးတယ် ..ရှင့်သားရှာတာက ကျောင်းစာရိတ်စာပဲရှိတာ ..ရှင်ကကော ဘယ်လောက်ရှာနိုင်လို့လဲ..ကျွန်မသမီးလည်း စာတော်တာမို့ သူ့ကိုတော့ပြီးဆုံးအောင် တက်စေချင်တယ်."
ထယ်ယောင်းလည်း ကြားနေရတဲ့ စကားတွေကြောင့် ရင်ထဲ စို့နစ်သွားခဲ့ရသည်။ သူ့ကျောင်းစာရိတ် ကို သူရှာမှာပါ ၊ညီမလေးအတွက်ပါ သူရှာပြီးတော့ သူထားပေးမှာပါ။အခုက သူကျောင်းမထွက်ချင်ဘူး ၊ဖေဖေကို့လည်းစိတ်မညစ်စေချင်ဘူး။
"ဖေဖေ..."
တုန်ရင်နေသော အသံဖြင့် ခေါ်လိုက်သောကြောင့် ရန်ဖြစ်နေသော သူတစ်စု ခဏ ရပ်တန့်သွားခဲ့ရသည်။
"ဖေဖေ ...သားကြောင့်ရန်မဖြစ်ပါနဲ့နော် သားပိုကြိုးစားလုပ်ပါ့မယ်..မေမေလေး သားက ညီမလေးအတွက်ပါ ပိုရှာမှာမို့..သားကိုတော့ကျောင်းမထုတ်ပါနဲ့နော် ..သားကဒီလိုမျိုးတောင်းပန်ပါတယ်နော်..ဟင့်."
ထယ်ယောင်းလည်း သူ့မိထွေးရဲ့ ခြေထောက်နားတွင် ဒူးထောက်၍ လက်အုပ်လေးချီရင်း တောင်းပန်စကားဆိုလိုက်လေသည်။
"ထ...."
"ဟင်..ကိုကို.."
ဂျောင်ဂု ထယ်ယောင်း၀င်သွားသော အိမ်လေးကိုကြည့်ရင်း သူလည်း အိမ်ထဲအလုပ်..ထယ်ယောင်းတို့ အိမ်ဘက်က အသံကြား၍ သူလည်း ခြံတံခါး ဖွင့်ရက် ဖြစ်နေသော အိမ်ထဲသို့၀င်သွားသော အခါ ကြားလိုက်ရသော စကားသံတို့က သူ့ရင်ထဲ မီးခဲ မျိုထားသလို ၊လက်ချောင်းများပင် တင်းတင်းဆုတ်ထားလိုက်ရသည်။ ကလေးငယ် မိထွေးက မကောင်းဘူးဆိုသော်လည်း ဒီလိုမျိုးလုပ်ရက်မယ်မထင်ခဲ့ပါ။သူ့သမီးက ဘာမို့လို့ သူ့ကလေးငယ်က တာ၀န်ယူရမှာလဲ.. ကလေးငယ်က ဘယ်လောက်တောင် ဒီလိုမျိုးနေခဲ့ရမလဲ..သူတွေးနေတုန်း ကလေးငယ် လုပ်လိုက်တဲ့ လုပ်ရက်က သူ့မျက်လုံးထဲ ပြာဝေသွားတာပင်။ သူ့ကလေးငယ်က ငိုနေတာတဲ့လား လူတစ်ယောက်ရှေ့ဒူးထောက်ပြီးတော့လေ..
![](https://img.wattpad.com/cover/381199295-288-k393487.jpg)