အပိုင်း 11
"ဖေဖေ..သားဒေါ်လေးဆိုင်သွားတော့မယ်နော်.."
"အင်း သား..ဖြေးဖြေးနင်းဦး စက်ဘီးကို"
ဂျီမင်းလည်းကျောင်းပိတ်ရက်ဒေါ်လေးဆိုင်ရှိရာသို့သာ ထွက်ခဲ့လိုက်သည်။ ထယ်ယောင်းနဲ့လည်း မတွေ့ဖြစ်ပေ။ သူလည်း သူ့အပူနဲ့သူဆိုတော့ ဂျီမင်းလည်းမကူညီနိုင်။ သူကြီးလာမှ သူ့ သူငယ်ချင်းကို ကူညီနိုင်မှာမို့ သူကြိုးစားမှရမည်။ ပြီးတော့ သူတို့မှာရည်မှန်းချက်ရှိသည်။ သူတို့နှစ်ယောက်စလုံးက ဆရာ၀န်ဖြစ်ချင်ကြသည်။
အဲ့အတွက် ကျောင်းစာရိတ်ကဈေးကြီးသည်။ဖေဖေတို့က ထားနိုင်ပေမဲ့ သူအဲ့လိုမလုပ်ချင်ပေ။သူ့ သူငယ်ချင်းဆို ပိုဆိုးသည်။ တော်သေးတာပေါ့ အခုတော့ သူ့ကိုကိုဆိုတဲ့ ဟိုလူကြီးက သူ့သူငယ်ချင်းလေးကိုကောင်းပေးလို့..ဂျီမင်းလည်း တွေးရင်းဆိုင်ထဲ၀င်ခါနီးမှ ဆိုင်အနီးနားမှ ကားအကောင်းစား ကြီးတစ်စီးကို မှီ၍ ရပ်နေသော သူကို တွေ့လိုက်ရသည်။
ထိုသူက အသားရည်ကတော့ တော်တော်ဖြူလို့ သွေးစုပ်ဖုတ်ကောင်ကြီးအလား၊အရပ်ကလည်း အနေတော်၊ မျက်နှာကတော့ မဆိုးပါဘူး ၊ ကျွန်တော့်လောက်မဟုတ်ပေမဲ့လို့ ၊ ကားကိုမှီပြီးဆေးလိပ်သောက်နေပုံက မင်းသားလိုလို..ဟွန့် ဒါပေမဲ့ သူမျက်နှာကြီးကလည်း မာထန်နေတာပဲ ကြောက်စရာကြီးးမာဖီးယားကြီးလား...သူလည်း ခဏလောက်သာကြည့်ပြီးမြန်မြန်ဆိုင်ထဲ ၀င်လာခဲ့လိုက်တော့သည်။
"ချွမ်.!!....."
"မဂ်လာပါခင်ဗျာ"
ဟင်.....ဟိုလူ ဘာလာလုပ်တာလဲမသိဘူး...ဓါးမြတိုက်ဖို့လား...ဘယ်သူမှလဲမရှိဘူး..ပုံစံကလည်းမရယ်မပြုံးနဲ့....ဂျီမင်းလည်း ၀င်လာသောသူကို ကြောက်ကြောက်လန့်လန့်သာ ကြောင်ပြီးကြည့်နေမိတော့တယ်..
"ဟေ့..ချာတိတ် ..ခေါ်နေတယ်လေ.."
"ဗျ....ဗျာ...ဟုတ်ကဲ့."
ဂျီမင်းလည်ကြောင်နေရင်းမှ သတိရပြီး အထစ်ထစ် ဖြင့်ပြန်ဖြေလိုက်လေသည်။
"ဒီမှာ...ဆေးလိပ်တစ်ဗူး ယူမလို့ .."
"ဟုတ်ကဲ့ ...အာ..၀မ် (..)ပါခင်ဗျ.."

YOU ARE READING
My heart owner (Completed)
Storie d'amoretaekook fiction, slow romance, Topkook, vottom