Chapter 27: စာများ

216 41 1
                                    



Chapter 27: စာများ

အိပ်မောကျနေသည့်သူနှစ်ယောက်ကိုအနှောင့်အယှက်မပေးပဲ ဝေ့ကျန့်ဝေ့ တစ်ယောက်အာရုဏ်တက်ချိန်မတိုင်မီတွင် ထွက်ခွာရန်ပြင်နေသည်။

ခြံဝင်းထဲတွင် ကိုယ်လက်သန့်စင်ဆေးကြောနေချိန် မီးဖိုချောင်ဘက်မှ အလင်းရောင်မှိန်ဖျော့ဖျော့လေးကိုတွေ့လိုက်ရသည်။ မီးဖိုခန်းသို့ဝင်သွားလိုက်ရာ မီးဖိုဘေးတွင်ငုတ်တုတ်ထိုင်နေသည့် မိခင်ဖြစ်သူ ဝမ့်ချွန်ဟွားကိုတွေ့လိုက်ရသည်။ မီးဖိုထဲရှိမီးများကငြှိမ်းစပြုနေပြီး ဝါကြန့်ကြန့်မီးအလင်းရောင်က သူ(မ)၏မျက်နှာထက်တွင် အရောင်ဟပ်နေသည်။

"အမေ"

ဝေ့ကျန့်ဝေ့ ၏ခေါ်သံကြောင့် ဝမ့်ချွန်ဟွားလည်းအသိပြန်ဝင်လာသည်။ "ထပြီလား... အိုးထဲမှာ ခေါက်ဆွဲပြုတ်တွေရှိသေးတယ်...မသွားခင်စားသွားလိုက်"

ဝေ့ကျန့်ဝေ့ လည်းခေါင်းညိမ့်ပြလိုက်သည်။ "အမေ...အခန်းထဲပြန်ပြီးသွားအိပ်လိုက်ပါဦး

ကျွန်တော် ခေါက်ဆွဲပြုတ်ကိုစားလိုက်ပါ့မယ်"။

"အေး...အဲဒါဆိုရင်ငါသွားလိုက်ဦးမယ်နော်"

ဤမနက်လေးနာရီလောက်တွင် သားဖြစ်သူအတွက်ခေါက်ဆွဲပြုတ်ပေးရန် ဝမ့်ချွန်ဟွားတစ်ယောက် ဝေလီဝေလင်းအိပ်ရာမှ ကုန်းရုန်းထလာခြင်းဖြစ်သည်။ အခန်းထဲပြန်သွားသော်လည်း ပြန်အိပ်လို့ရတော့မည်မဟုတ်ပေ။

သို့သော်ဧည့်ခန်းထဲတွင် ထိုင်နေပြီးသားဖြစ်သူထွက်သွားတာကို ကြည့်ရမှာထက် အခန်းထဲမှာနေလိုက်ခြင်းကပိုကောင်းပါသည်။

ဝမ့်ချွန်ဟွားလည်း မျက်လုံးများကိုလက်ခုံဖြက့်ခပ်ကြမ်းကြမ်းဖိပွတ်လိုက်ရင်း မီးဖိုခန်းမှအိပ်ခန်းဆီသို့ထွက်လာလိုက်သည်။

ဟဲ့ရှောင်ယွင် နှိုးလာချိန်တွင်အခန်းတစ်ခုလုံးကတိတ်ဆိတ်နေပြီး ဝေ့ယွမ်ဟန်၏ဟောက်သံအချို့ကိုသာကြားရသည်။ အခန်းထဲသို့မျက်စိဝေ့ကြည့်လိုက်မိသည်။ ဝေ့ကျန့်ဝေ့ ၏အိပ်ရာကခါတိုင်းရှိနေကျနေရာတွက်မရှိတော့သလို သူနှင့်သက်ဆိုင်သည့်အသုံးအဆောင်ပစ္စည်း

You've reached the end of published parts.

⏰ Last updated: Nov 06 ⏰

Add this story to your Library to get notified about new parts!

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now