Chapter 6: ခိုးကြည့်ခြင်း
နောက်တစ်နေ့အာရုဏ်ဦးနေမထွက်မီတွင် တစ်မိသားစုလုံးနှိုးလာကြသည်။ ရေမိုးချိုးကြပြီးနောက် အချို့ကရေခပ်ဆင်းကြသလို အချို့ကလည်းမီးဖိုချောင်ထဲသို့ဝင်သွားကြသည်။
ကန်စွန်းဥပြုတ်တစ်အိုးကို မီးဖိုပေါ်တွင် တည်ထားပြီး ကြိုပြင်ထားသည့်ပြောင်းဆန်ဖြင့် လုပ်ထားသောချာပါတီများ ကိုလည်း ပေါင်းခံထားပြီးဖြစ်သည်။ ဆားရည်စိမ်သနပ်များနှင့်မုန်လာချဥ်များ ကိုလည်း လှီးဖြတ် ပြီး အိုးပေါ်တွင်တင်ထားသည်။ မနက်စာ အဆင်သင့်ဖြစ်နေချေပြီ။
သူတို့ သာအပျင်းကြောဆွဲ ပြီး စောစောမထလျှင် မနက်စာကိုဆန်ပြုတ်တစ်ခွက်နှင့်သာ နှစ်ပါးသွားရချေမည်။ လယ်လုပ်သွားကြမည့်သူများလည်း ကိတ်မုန့်နှင့်ပေါက်စီကဲ့သို့အဆာပြေသရေစာများနှင့် ဖြေသိမ့်ရပေလိမ့်မည်။
မနက်စာစားသောက် ပြီးနောက် ဖုန်းချိုးယွဲ့ က လယ်ထဲသွားကြမည့်မိသားစုဝင်များကို လိုက်ပို့ပေးသည်။ ဟဲ့ရှောင်ယွင် ကမူ အဝတ်အပေများကို လျှော်ဖွပ်နေသည်။ ကလေးငယ်နှိုးလာလျှင် သူ(မ) ကိုရှာနေမည်စိုးသောကြောင့် အဝတ်လျှော်သည့်မြစ်ကမ်းဘေးသို့ တစ်ခါတည်းခေါ်လာလိုက်သည်။
ကလေးငယ်များကစောစောထလေ့မရှိသောကြောင့် ဝေ့ယွမ်ဟန် မှာ လမ်းလျှောက်နေရင်းတစ်ဝါးဝါးသမ်းနေသည်။ မြစ်ရေပြင်ကြီးကိုမြင်လိုက်ရပါမှ အိပ်ချင်ပြေပြီး လန်းဆန်းတက်ကြွသွားတော့သည်။
မြေချိုင့်နေသောတစ်နေရာကိုတွေ့လိုက်ရသောကြောင့် ဟဲ့ရှောင်ယွင် လည်း ကလေးငယ်ကို သူ(မ) ဘေးတွင်ထိုင်ကာ သဲများနှင့်ဆော့ကစားစေသည်။
တစ်ခဏမျှကြာသောအခါ တစ်ရွာတည်းသားအမျိုးသမီးတစ်ဦးကလည်း အဝတ်လျှော်ရန်ရောက်လာကာ သူ(မ) ကိုနှုတ်ဆက် ပြီး မေးလာသည်။ "ဘာလို့ကလေးကိုအစောကြီးခေါ်လာတာလဲ"။
"အိမ်မှာရှိတဲ့လူကြီးတိုင်းက ... လယ်ထဲသွားကြပြီလေ ... သူ နှိုးလာရင်တစ်ယောက်ထဲ ဖြစ်နေမှာစိုးလို့ခေါ်လာတာပါ" ဟဲ့ရှောင်ယွင် လည်း အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.