Chapter 23: အစသန်သူမနက်ပိုင်း ဟဲ့ရှောင်ယွင်နှိုးလာချိန်တွင် ထုံးစံအတိုင်း ဝေ့ကျန့်ဝေ့ကအိမ်ထဲတွင်မရှိတော့ချေ။ သူ(မ)လည်း ကိုယ်လက်ဆေးကြောသန့်စင်ပြီး အဝတ်အစားလဲကာ ကလေးငယ်ကိုသွားနှိုးရသည်။ ဝေ့ယွမ်ဟန်က အိပ်ချင်မူးတူးနှင့်မျက်လုံးလေးကို လက်ခုံဖြင့်ပွတ်နေသည်။ "မေမေ...သားတို့ဒီနေ့ဖွားဖွားအိမ်ကိုသွားရမှာလားဟင်"။
"အင်း...ထတော့...အဝတ်အစားအသစ်တွေလဲရမယ်"
ကလေးငယ်က အိပ်ချင်ပြေသေးပုံမရ။ အခန်းထဲကိုတောင်ကြည့်မြောက်ကြည့်နှင့် တစ်စုံတစ်ယောက်ကို လိုက်ရှာနေသည်။
"ဖေဖေရော...ဘယ်မှာလဲဟင်"။
ဟဲ့ရှောင်ယွင်လည်း ကလေးငယ်၏ညအိပ်ဝတ်စုံကိုချွတ်ကာ အဝတ်အစားအသစ်တစ်စုံလဲပေးလိုက်သည်။ "သားဖေဖေက...အစောကြီးတည်းကထသွားပြီ...သားတစ်ယောက်တည်းကျန်နေတာလေ"
ကလေးငယ်က သူ(မ)စကားကိုချက်ချင်းခွန်းတုံ့ပြန်သည်။
"သားကအခုမှကလေးပဲရှိသေးတာလေ...လူကြီးဖြစ်လာရင်စောစောထမှာပေါ့"။
"အေးပါ...မေမေလည်းသားကိုဘာမှမပြောပါဘူး" ဟဲ့ရှောင်ယွင်တစ်ယောက် ကလေးငယ်ကိုကြည့်ပြီး ရယ်ချင်နေမိသည်။
ကလေးငယ်က ခေါင်းကိုခါယမ်းပြီးပြန်ပြောလာသည်။ "သားကမေမေ့ကို...သားရဲ့အတွေးတွေပြောပြရုံပါ"။
"အဲဒီလိုဆိုရင်...သားအတွေးလွန်နေပါပြီ"။ ကလေးငယ်က ဟဲ့ရှောင်ယွင် ပြောလိုက်သောစကား၏ အနက်အဓိပ္ပါယ်ကိုအသေအချာနားမလည်ပါသော်လည်း နားလည်သယောင်ယောင်
နှင့် ခေါင်းညိမ့်ပြလာပြန်သည်။
ဟဲ့ရှောင်ယွင်တို့သားအမိနှစ်ယောက်စကားပြောနေချိန်တွင် ဝေ့ကျန့်ဝေ့ကအပြင်ဘက်မှဝင်လာသည်။ တစ်ကိုယ်လုံးလည်း ချွေးများဖြင့်ရွှဲရွှဲစိုနေသည်။
"အာ...ဖေဖေ...ချွေးတွေရွှဲနေတာပဲ" ကလေးငယ်က အံ့အားသင့်စွာဖြင့်ပြောသည်။ ဟဲ့ရှောင်ယွင်လည်း တစ်ချက်လှမ်းကြည့်ကာမေးလိုက်သည်။ "မြစ်ထဲ...ငါးသွားဖမ်းလာတာလား"။
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.