Ch-16: ချိန်းတွေ့ခြင်း

1K 99 0
                                    


Chapter 16: ချိန်းတွေ့ခြင်း

လှေနဂါးပွဲတော်နေ့တွင် ဝမ့်ချွန်ဟွား က တစ်နေရာရာမှ ဆားသိပ်ထားသည့်ဘဲဥများကိုယူလာသည်။ မနက်စာဆန်ပြုတ်သောက်ကြချိန်တွင် မိသားစုဝင်တိုင်း ဘဲဥ တစ်ယောက်တစ်လုံး စားရသည်။ ထို့နောက် ဝမ့်ချွန်ဟွား သည် သစ်နံကိုင်းကို အိမ်ပေါက်ဝတွင်ချိတ်ဆွဲထားလိုက်သည်။ ထိုအရာမှလွဲ၍ ပွဲတော်နေ့ကသာမာန်နေ့များနှင့် မထူးမခြားပင်။

မနက်ခင်းတွင် ဟဲ့ရှောင်ယွင် တစ်ယောက်အဝတ်အစားများလျှော်ဖွပ်ပြီး

နောက် မြစ်ကမ်းဘေးမှအိမ်ရှိရာသို့ဖြေးဖြေးချင်းလျှောက်လာခဲ့သည်။ ထိုအခိုက် ရွာအဝင်ဝဆီမှအသံချဲ့စက်မှတစ်ဆင့် ကြော်ငြာနေသံကိုကြားလိုက်ရသည်။ ရပ်ကွက်စီမံအဖွဲ့က ယနေ့ညတလင်းနယ်မြေတွင် ရပ်ကွက်သူရပ်ကွက်သားအားလုံးအတွက်ရုပ်ရှင်ပြမည်ဆိုပဲ။

ပွင့်လင်းရာသီအတောအတွင်း ရုပ်ရှင်ပြသည့်အသင်းအဖွဲ့ကြီးက ကျေးလက်ဒေသများသို့ရောက်လာပြီး တပ်ရင်းတစ်ခုချင်းစီ ကို အလှည့်ကျပြသလေ့ရှိသည်။ ဤလှေနဂါးပွဲတော်နေ့တွင် ချင်းရွှေဟယ်တပ်ရင်းက ရုပ်ရှင်ကြည့်ဖို့အလှည့်ကျလာခြင်းဖြစ်သည်။

ဟဲ့ရှောင်ယွင် ဘေးရှိမိန်းကလေးက တစ်လမ်းတည်းနေသူဖြစ်သည်။ အသံချဲ့စက်မှကြော်ငြာသံကိုကြားလိုက်ရ

သောအခါ သူ(မ)ကမေးလာသည်။ "ရှောင်ယွင်...ဒီနေ့ညရုပ်ရှင်သွားကြည့်မှာလား"

ဟဲ့ရှောင်ယွင် ကပြုံးရင်းပြန်ဖြေသည်။

"အင်း...သွားကြည့်ဖြစ်လောက်မယ်နဲ့တူတယ်...ကလေးကလည်းရုပ်ရှင်သွားကြည့်ချင်နေမှာ"

"ဟုတ်တာပေါ့...ဒီလိုပွဲတော်နေ့မှာကလေးပျော်အောင်ရုပ်ရှင်လိုက်ပြသင့်တယ်"

ဝေ့မိသားစု၏အိမ်ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် ခုံပုလေးပေါ်တွင်ထိုင်ကာဖက်ထုပ်အားတမြုံ့မြုံ့ဝါးနေသည့် ဝဝကစ်ကစ်ကလေးငယ် ဝေ့ယွမ်ဟန်ကိုတွေ့ရပေမည်။ ပွဲတော်နေ့အတွက် လွန်ခဲ့သောရက်များတည်းက ဆန်မှုန့်ဖက်ထုပ်ကိုကြိုလုပ်ထားသဖြင့် အချိန်မရွေးယူစားလို့ရနေသည်။

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now