Chapter 12: အမှောင်ထု-၁

1.1K 143 4
                                    


 Chapter 12: အမှောင်ထု-၁

ပဲပိစပ်လုပ်ပြီးသည့်လက်ကျန်ပဲအချို့ကိုမူ အိုးထဲတွင်ထည့်ပြီး ညလုံးပေါက်စိမ်ထားပြန်သည်။

ထို့နောက် နောက်တစ်နေ့မနက်တွင်ထိုစိမ်ထားသောပဲများကိုထုတ်ယူကာ တလင်းနယ်မြေတွင်ကျောက်စက်ဒလက်များဖြင့်ကြိတ်ပြီး ပဲအရည်ရအောင်ပြုလုပ်သည်။

ကလေးငယ် ဝေ့ယွမ်ဟန် ကမီးဖိုဘေးတွင်တစ်ဝဲလည်လည်လုပ်နေသည်။ ပဲအရည်များဆူပွက်လာသောအခါ ဖွားအေဖြစ်သူ ဝမ့်ချွန်ဟွား ကလေးငယ်အတွက် ပန်းကန်လုံးတစ်ခုထဲတွင်ပဲရည်နှင့်သကြားတစ်ဇွန်းကိုထည့်ပေးသည်။

ထို့နောက် ဟဲ့ရှောင်ယွင် အဖြူရောင်ရှာလကာရည် နှင့် တို့ဖူး ကိုလည်းယူလာသည်။ ပဲရည်အမြှုပ်များ တဖြေးဖြေးပေါ်လာသောအခါ ဝေ့ကျန့်ဟွား က သုံးနှစ်သားကလေးကဲ့သို့ပင် အိုးထဲသို့ ချောင်းကြည့်နေသည်။

ထိုအခါ ဝမ့်ချွန်ဟွား စိတ်အနှောင့်အယှက်ဖြစ်သည့်လေသံဖြင့် ပြောလာသည်။ "အသက်ကဖြင့်မငယ်တော့ဘူး...ငတ်ကြီးကျနေသေးတယ်"။ ထိုသို့ပြောနေရင်း ဝမ့်ချွန်ဟွား က ဝေ့ကျန့်ဟွား အပါအဝင်မိသားစုရှိလူတိုင်း အတွက် အထူးပြုလုပ်ထားသည့် အချဥ်ရည် နှင့် တို့ဖူး တစ်ပန်းကန်စီ ပြင်ပေးသည်။

လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသည့် တို့ဖူး တုံးလေးက နူးညံ့ကာ ခပ်ချော်ချော်လေးဖြစ်နေသည်။

တို့ဖူး အပေါ်မှဆမ်းထားသော ပဲနို့ရည်လေးကလည်း အနံ့သင်းသင်းလေး နှင့် ချိုအီမွှေးပျံ့နေသည်။

ဟဲ့ရှောင်ယွင် တစ်ယောက် ဘာစားစား မဝသလိုခံစားရသည်။ သူ(မ)က အစားကြီးသူမဟုတ်ပါသော်လည်း ဤရက်ပိုင်းအတွင်းတစ်ပန်းကန်တည်းနှင့်ဗိုက်မဝတော့ပေ။ သူ(မ)၏ဝမ်းဗိုက်ကလေးကိုပွတ်သပ်ရင်း သက်ပြင်းချလိုက်မိသည်။

သူ(မ)ကဲ့သို့တစ်ပန်းကန်အပြည့်အမောက်ပြီးသည့်တိုင် နောက်တစ်ပန်းကန်ထပ်စားချင်နေသေးသည့် အခြားသူများလည်းရှိသည်။ ဝေ့ကျန့်ဟွား နှင့် ဝေ့ယွမ်ဟန်တို့ တူဝရီးနှစ်ယောက်သား ပြောင်စင်နေသည့်ပန်းကန်လုံး အလွတ်လေးကိုကိုင်ရင်း မီးဖိုချောင်ထဲသို့ တစ်ဖန်ပြန်ပြေးဝင်သွားသည်။ ကလေးငယ်က ပန်းကန်တစ်ဝက်ခန့် လိုက်ပွဲထပ်ရလာသော်လည်း ဝေ့ကျန့်ဟွားကိုမူ ဝမ့်ချွန်ဟွားက ထပ်မထည့်ပေးတော့ချေ။ မီးဖိုခန်းမှအမောင်းထုတ်ခံလိုက်ရသေးသည်။

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now