Chapter 15: မွေးနေ့
နောက်တစ်နေ့မနက်အာရုဏ်တက်ချိန်မှ ဝေ့ကျန့်ဝေ့ တစ်ယောက် အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် အိပ်ခန်းထဲသို့ တန်းမဝင်ပဲ အဝတ်အစားများလဲကာ အသစ်ပြုပြင်မွမ်းမံထားသည့် ဝါးကုတင်ပေါ်တွင် တစ်ရေးတစ်မော အိပ်နေလိုက်သည်။
မနက်စောစောချက်ပြုတ်ရန်အတွက် ဝမ့်ချွန်ဟွား ထလာချိန်တွင် ဧည့်ခန်းထဲလဲအိပ်နေသောသားဖြစ်သူကို တွေ့လိုက်ရသောကြောင့် အံ့သြထိတ်လန့်သွားသည်။
သူ(မ)ရောက်လာသည်နှင့် ဝေ့ကျန့်ဝေ့ က ချက်ချင်းထထိုင်၍ နားထင်တစ်လျှောက် ကိုလက်ဖြင့် နှိပ်နယ်နေသည်။
"အမေ"
အိပ်ရေးဝပုံမပေါ်သောသားဖြစ်သူကိုကြည့်
ရင်း ဝမ့်ချွန်ဟွား တစ်ယောက် သက်ပြင်းသဲ့သဲ့ချမိသည်။
"ဘာလို့ဒီမှာလာအိပ်နေတာလဲ...အေးကအေးနဲ့...အအေးမိသွားရင်ဘယ်လိုလုပ်မလဲ
နားလိုက်ဦး...ငါမင်းအတွက်ဆန်ပြုတ်တစ်ပွဲပြင်ပေးမယ်...အဲဒါစားပြီးအခန်းထဲပြန်သွားအိပ်ချည်"
"ရပါတယ်...ကျွန်တော်မအိပ်ချင်တော့ဘူး" ဝေ့ကျန့်ဝေ့ ကပြောလာသည်။ စစ်တပ်ထဲတွင် မစ်ရှင်ထမ်းဆောင်ရသည့်အခါတိုင်း အိပ်ရေးပျက်ပေါင်းများနေပြီဖြစ်သည်။ တစ်ခါတစ်လေကျလျှင် တစ်နေကုန်လို့တစ်ရေးမှမအိပ်ရပေ။ ထို့ကြောင့် ယခုလိုတစ်ခဏမျှအိပ်စက်လိုက်ခြင်းက သူ့ကိုအားအင်အပြည့်ဖြစ်စေသည်။
ဝေ့ကျန့်ဝေ့ တစ်ယောက် ဝါးကုတင်ပေါ်မှထလိုက်ပြီး ခြံထဲသို့ဆင်းကာကိုယ်လက်သန့်စင်ဆေးကြောရန်အတွက် ရေစည်ထဲမှရေတစ်ပုံးခပ်လိုက်သည်။ ဖခင်ဖြစ်သူနှင့်အစ်ကိုကြီးက သူ့လောက်သက်လုံမကောင်းကြချေ။ အစောပိုင်းလေးတင်ကမှ စိုက်ခင်းမှပြန်လာကြသောကြောင့် အိပ်ရာထဲပြန်ခွေနေကြသည်။ အိပ်ခန်းထဲတွင်မူ ဟဲ့ရှောင်ယွင်ကမှန်တင်ခုံရှေ့ခေါင်းဖြီးနေပြီး ဝေ့ယွမ်ဟန် လည်းနှိုးနေပြီဖြစ်သည်။ တက်ကြွလွန်းသည့်ကလေးငယ်က ကုတင်ပေါ်တွင် စောစောစီးစီးကျွမ်းပစ်ကာ ခန္ဓာကိုယ်ကို လှည့်ပတ်ကစားနေသည်။
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.