Chapter 22: အလင်းရောင်အောက်တွင်ကလေးငယ်၏အော်သံက ကျယ်လောင်စူးရှနေသည်။ ရုတ်တရက်ဆန်သောအဖြစ်အပျက်အောက်တွင် မှင်တက်နေမိသော ဟဲ့ရှောင်ယွင်တစ်ယောက် ကလေးငယ်၏အသံကိုကြားမှဝေ့ကျန့်ဝေ့ က သူ(မ)အားထိန်းကိုင်ထားသည်ကို သတိထားမိသွားသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် သူ(မ)အားဆွဲကိုင်ထား သည့်လက်တစ်စုံကိုဆွဲဖြုတ်လိုက်သည်။
လေထုကြီးက အနည်းငယ်ထူးဆန်းနေသယောင်။ သူဆုပ်ကိုင်ထားခဲ့သည့် သူ(မ)၏လက်ကောက်ဝတ်ဖြူဖြူက အနီရောင်သန်းလို့နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး၏အပူချိန်ကလည်း ဘာကြောင့်ရယ်မှန်းမသိ သာမာန်ထက် ပူနွေးနွေး။
ဟဲ့ရှောင်ယွင် တစ်ယောက် သူ(မ)၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ "အိမ်...အိမ်ကိုမြန်မြန်ပြန်ကြစို့လေ"
ထို့နောက် ကလေးငယ်ကိုဆွဲခေါ်ကာ အရှေ့မှခပ်သွက်သွက်လျှောက်သွားသည်။ ဝေ့ကျန့်ဝေ့က သူတို့ နောက်မှအေးအေးလူလူလမ်းလျှောက်လိုက်လာသည်။
နောက်တစ်နေ့အာရုဏ်တက်ချိန်မတက်မီတွင် ဟဲ့ရှောင်ယွင် အရင်ဆုံးနှိုးလာခဲ့သည်။ ထို့နောက် စျေးထဲသို့ ခြေဦးလှည့်ကာ ကြက်သား ကြက်ဥများနှင့်သစ်သီးခြောက်အချို့ကိုဝယ်ကာ မိဘများ၏နေအိမ်သို့ တန်းသွားလိုက်သည်။
သူ(မ)ဝယ်လာသည့်ပစ္စည်းများကိုမြင်သောအခါ မိခင်ဖြစ်သူလီယွီကွေ့ က အံ့အားသင့်သွားသယောင်ပြောလာသည်။
"ဒီနေ့ဘာပွဲမှလည်းမရှိပါဘူး...အဲဒါတွေကိုဘာအတွက်ဝယ်လာတာလဲ"
ဟဲ့ရှောင်ယွင် က ခြင်းတောင်းကြီးကိုဘေးချကာ ဟောဟဲလိုက်ရင်းထိုင်ခုံပေါ်နေရာယူလိုက်သည်။ "အမေ...ကျွန်မမနက်အစောကြီးတည်းကထွက်လာတာ...ရေတစ်ခွက်တောင်မသောက်ရသေးဘူး...ဖြေးဖြေးမေးပါ"
ထိုအခါမှ လီယွီကွေ့ က လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးသည်။ "မနက်စာရောစားပြီးသွားပြီလား"
"အွန်း...စားပြီးပြီ" ဟဲ့ရှောင်ယွင် တစ်ယောက် ရေဆာလွန်း၍ လက်ဖက်ရည်တစ်ခွက်လုံးကို အငမ်းမရသောက်နေမိသည်။

YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.