Chapter 8: မိုးရွာသောနေ့တစ်နေ့

1.1K 125 1
                                    


Chapter 8: မိုးရွာသောနေ့တစ်နေ့

နေသာနေသည်မှာနှစ်ရက်သုံးရက်ခန့်ရှိ‌ရော့မည်။ကောက်စိုက်ပြီးချိန်တွင် မိုးဦးကျစပြုလာသည်။

လေးရက်မြောက်နေ့တွင် မနက်ဝေလီ‌ဝေလင်းအချိန်တည်းက မိုးစရွာ‌နေပြီဖြစ်သည်။

မိုးသည်းသောကြောင့် လယ်လုပ်သူများလည်း စိုက်ခင်းထဲမသွားနိုင်ပဲ အိမ်ထဲတွင် သာ အောင်းနေရသည်။

လှုပ်ရှားတက်ကြွမှုမရှိသောအခါလူတိုင်းပျင်းခြောက်ခြောက် နှင့် အနေရခက်လာကြသည်။

အိပ်ခန်းသန့်ရှင်းရေးမလုပ်ရသည်မှာ ရက်အတော်ကြာနေပြီဖြစ်ကြောင်း ဟဲ့ရှောင်ယွင် သတိရသွားသည်။ ထို့ကြောင့် ရေပုံးတစ်ပုံးသယ်လာပြီး ကုတင်ဘေးသားများ နှင့် အဝတ်ဗီရိုကိုသုတ်ရန် ပြင်ဆင်လိုက်သည်။ အိပ်ခန်းထဲတွင် သူ(မ) ၏နေရာ နှင့် ဝေ့ကျန့်ဝေ့ ၏နေရာကမတူပေ။ကုတင် နှင့် အဝတ်ဗီရိုကသူမအပိုင်ဖြစ်ပြီးစားပွဲခုံ နှင့် ခရီးဆောင်လက်ဆွဲသေတ္တာ က သူ့အပိုင်ဖြစ်သည်။ ကလေးငယ် ဝေ့ယွမ်ဟန် က မူနေရာတိုင်း သူမပိုင်သောအရာမရှိ။အကုန်သူ နှင့် သက်ဆိုင်သည်။

သူမ နှင့် သက်ဆိုင်သည့်နေရာကိုသန့်ရှင်းရေးလုပ်ပြီးနောက် ဝေ့ကျန့်ဝေ့ နှင့် ဆိုင်သည့်အခြမ်းဘက်အား ဟဲ့ရှောင်ယွင် တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ဝေ့ကျန့်ဝေ့ က ယခင်ကလည်း သူမ ကို ရေခပ်ကူဖူးသည်မဟုတ်လား။ သူမ လည်း သဘောထားမသေးသိမ်သင့်ပေ။ ထို့ကြောင့် ရေစိုနေသည့် အဝတ်စကိုထပ်ညှစ်ပြီး သူ့ဘက်အခြမ်းကိုလည်း သန့်ရှင်းရေးလုပ်ပေးလိုက်သည်။

စားပွဲခုံသုတ်နေချိန်တွင် ဘေးနားလေးတွင် ချထားသည့်စာအုပ်တစ်အုပ် ကို တွေ့လိုက်ရသည်။ ဝေ့ကျန့်ဝေ့ က ညဘက် တစ်ခါတစ်လေ စာဖတ်တတ်သည် ကို သူမသိသည်။ သူမရှေ့တွင် ရှိနေသည့်စာအုပ်ကိုကြည့်ရင်း ကောလိပ်ဝင်ခွင့်စာမေး ပွဲအောင်မြင်မည်ဖြေမည့် သူ(မ) ၏ရည်မှန်းချက်ကိုတွေးမိသွားသည်။ ထို့ကြောင့် မနေနိုင်မထိုင်နိုင်စာအုပ်ကိုဖွင့်ကာ လှန်လှောကြည့်မိသည်။ထိုစာအုပ်က"ဘာ

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now