Chapter 26: မပြတ်သားသော

247 46 0
                                    



Chapter 26: မပြတ်သားသော

နောက်တစ်နေ့မနက်တွင် ဝေ့ကျန်းရှင်းတို့သားအဖသုံးယောက် ဘိုးဘေးတို့၏ဂူသင်္ချိုင်းဟောင်းများကိုသန့်ရှင်းရေးလုပ်ရန် အိမ်မှထွက်သွားကြသည်။ ထိုစဥ် အိမ်တွင်ကျန်ရစ်ခဲ့သောဝမ့်ချွန်ဟွားက တပ်ထဲပြန်ဝင်တော့မည့်သားဖြစ်သူအတွက် ပြင်ဆင်ထုတ်ပိုးပေးနေသည်။

မြေပဲအချိုခြောက်တစ်ဘူး ၊ သိုးမွေးထိုးထား သည့် ဆွယ်တာတစ်ထည်နှင့် ခုံအထူဖိနပ်တစ်ရံတို့ကိုလည်း မဖြစ်မနေထည့်ပေးလိုက်သေးသည်။ ဝမ့်ချွန်ဟွားမှာတစ်စက်ကလေးမှအငြိမ်မနေအားပဲ အိမ်ရှေ့အိမ်နောက်ပတ်လျှောက်နေသည်မှာ အတော့်ကိုကြာနေပြီဖြစ်သည်။ ဟဲ့ရှောင်ယွင် နှင့်ဖုန်းချိုးယွဲ့တို့လည်း ယောက္ခဖြစ်သူကိုကြည့်ရင်း စိတ်မသက်မသာဖြစ်နေကြသည်။

ဘေးအိမ်ရှိဒေါ်ဒေါ်ကျန်းက အိမ်မှုကိစ္စများပြီးစီးသောအခါ ဝေ့အိမ်ဘက်သို့အလည်ရောက်လာသည်။

တစ်အိမ်လုံးအနှံ့ပတ်လျှောက်နေသည့်ဝမ့်ချွန်ဟွားကို မြင်သောအခါ မနေနိုင်ပဲမေးတော့သည်။ "သူဘာတွေလုပ်နေတာလဲ..."

ဖုန်းချိုးယွဲ့က ဟဲ့ရှောင်ယွင် ကိုတစ်ချက်လှမ်းကြည့်ပြီးပြန်ဖြေသည်။ "ကျန့်ဝေ့က...မနက်ဖြန်ကျရင်...တပ်ထဲပြန်သွားတော့မှာလေ...အမေကသူ့အထုတ်အပိုးတွေကိုပြင်ပေးနေတာပါ"

"အို...တစ်လဆိုတဲ့အချိန်ကကုန်တာမြန်လိုက်တာငါ့စိတ်ထဲမှာ...ကျန့်ဝေ့ကမနေ့တစ်နေ့ကမှအိမ်ပြန်လာသလိုပဲ" ဒေါ်ဒေါ်ကျန်းက နားလည် သဘောပေါက်သည့် အမူအရာ ဖြင့်ပြန်ပြောလာသည်။

"ကျန့်ဝေ့...စစ်တပ်ထဲကိုပထမဆုံးသွားတဲ့အချိန်ကိုငါကောင်းကောင်းမှတ်မိနေသေးတယ်...အဲဒီအချိန်တုန်းက...ဆယ်ကျော်သက်အရွာ်လေးပဲရှိသေးတာပေါ့...နင်တို့ယောက္ခမကြီးကတစ်ပတ်လုံးလုံးငိုနေခဲ့တာ...အခုတော့မျက်စိရှေ့မှာတင်အချိန်တွေကုန်သွားခဲ့ပြီ" ဒေါ်ဒေါ်ကျန်း၏မျက်နှာထက်တွင် လွမ်းဆွတ်တမ်းတသည့်အရိပ်အယောင်များဖြတ်ပြေးသွားသည်။

ထုတ်ပိုးမှုများပြီးစီးသွားမှု ဝမ့်ချွန်ဟွားက သူ(မ)တို့နှင့်အတူလာထိုင်သည်။ ဒေါ်ဒေါ်ကျန်းက ဝမ့်ချွန်ဟွား၏လက်ကိုခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်ပေးသည်။ "အချိန်ကုန်တာအရမ်းမြန်တာနော်...နှစ်နှစ်ဆိုတဲ့အချိန်ကာလကဖင်လှည့်ခေါင်းလှည့်နဲ့ပြီး၏သွားမှာပဲ...တစ်အားကြီးဝမ်းနည်းမနေပါနဲ့...ကျန့်ဝေ့ကစိတ်ဖြောင့်ဖြောင့်နဲ့မသွားနိုင်ပဲနေလိမ့်မယ်"

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now