Chapter 21: ညင်သာစွာဆွဲကိုင်သောလက်တစ်စုံ

473 60 0
                                    


Chapter 21: ညင်သာစွာဆွဲကိုင်သောလက်တစ်စုံ

နေ့လည်ပိုင်းတွင် ဝမ့်ချွန်ဟွား နှင့် ဝေ့ယွမ်ဟန် တို့ မြေးအဘွားနှစ်ယောက်မင်္ဂလာပွဲမှအိမ်သို့ ပြန်လာကြသည်။ အပြင်ဘက်မှအရှိန်ပြင်းပြင်းနေပူချိန်ကြောင့် ကလေးငယ်၏ပါးနှစ်ဘက်လုံးမှာ နီဆွေးနေသည်။ အိမ်ထဲသို့ ဝင်လာသည်နှင့် ကလေးငယ်ကမိခင်ဖြစ်သူကို တကြော်ကြော်အော်ခေါ်တော့သည်။ ထို့ကြောင့်အိပ်ခန်းထဲတွင် စာအုပ်ဖတ်နေသည့် ဟဲ့ရှောင်ယွင် လည်း မနေသာတော့ပဲ ဖတ်လက်စစာအုပ်ကိုဘေးချကာ ကလေးငယ်ဆီသို့ အပြေးသွားရတော့သည်။

ကလေးငယ်က သူ(မ)ရင်ခွင်ထဲသို့ ပစ်ဝင်ပြီးချွဲတော့သည်။

"မေမေရေ...သား မေမေ့ကိုအရမ်းလွမ်းနေတာ...သိလား"

ဟဲ့ရှောင်ယွင် လည်းကလေးငယ်၏နဖူးပြင်ပေါ်မှချွေးများကိုသုတ်ပေးရင်းမေးလိုက်သည်။

"မင်္ဂလာဧည့်ခံပွဲမှာကျွေးတဲ့အစားအသောက်တွေက...အရသာရှိရဲ့လား"

"အင်း...အရမ်းအရသာရှိတယ်...မေမေစားဖို့အတွက်လည်းသားယူလာခဲ့သေးတယ်" ကလေးငယ်က ထိုသို့ ဆိုပြီး တစ်နေရာသို့ ပြေးထွက်သွားသည်။

"ဟေး...ရှောင်ဟန်...ဘယ်သွားတာလဲ...ချွေးတွေတောင်ပြောင်အောင်မသုတ်သေးဘူးလေ" မျက်စိတစ်မှိတ်အတွင် းပျောက်သွားသောကလေးငယ်ကြောင့် ဟဲ့ရှောင်ယွင် တစ်ယောက် ချွေးသုတ်ပဝါကိုဘေးချထားကာ သူ့နောက်လိုက်သွားရပြန်သည်။ မင်္ဂလာပွဲများတွင် စားသောက်ပြီးသွားသည့်အခါတိုင်း ဧည့်သည်များအားဖရဲစေ့ ၊ မြေပဲစေ့များ ၊ ချိုချဥ်များဖြင့် အချိုတည်းကြသည်။ ကလေးငယ်က သူ(မ)ကိုထိုမုန့်ပဲသရေစာများ ယူလာပေးခြင်းဖြစ်လောက်သည်။

ဧည့်ခန်းထဲခြေချလိုက်ချိန်တွင် မြေပဲစေ့ပန်းကန်လုံးကြီးကိုင်ထားသည့် ယောက္ခမဖြစ်သူကိုတွေ့လိုက်ရသည်။ "ရှောင်ဟန်က...သူ့အမေအတွက်...အရသာရှိတာလေးတစ်ခုခုယူသွားပေးချင်တယ်ဆိုပြီး တစ်လမ်းလုံး ပြောလာတာလေ ... အဲဒါကြောင့်ဒီဟာလေးယူလာပေးခဲ့တယ်"

"အဲဒါက...အရမ်းအရသာရှိတာမေမေရဲ့" ကလေးငယ်က သူ့အဖွားလက်ထဲမှပန်းကန်ကိုလှမ်းယူပြီး ဟဲ့ရှောင်ယွင် လက်ထဲသို့ ထည့်ပေးသည်။ ဟဲ့ရှောင်ယွင် လည်း မြေပဲစေ့တစ်ချို့ကို အရသာမြည်းကြည့်ကာ ကလေးငယ်၏ခေါင်းလေးကိုပုတ်ပြီး ချီးကျူးလိုက်သည်။ "အင်း...တကယ်ကိုအရသာရှိတာပဲ"

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now