Chapter 20: မွေးနေ့အတွက်ပြင်ဆင်ခြင်း

594 78 2
                                    



Chapter 20: မွေးနေ့အတွက်ပြင်ဆင်ခြင်း

နောက်တစ်နေ့မနက်နှိုးလာချိန်တွင် မနေ့ညက မိုးရွာထားသောကြောင့် မြေကြီးတစ်ပြင်လုံးက စိုထိုင်းထိုင်းဖြစ်နေသည်။ ဝေ့မိသားစု၏အကြီးဆုံးသားဖြစ်သူ ဝေ့ကျန့်ကော က အာရုဏ်တက်ချိန်မရောက်မီ တွင် တောင်ပေါ်တက်ကာမျှစ်စို့များယူလာသည်။

မနက်စာစားပြီးနောက် ဟဲ့ရှောင်ယွင် နှင့်ဖုန်းချိုးယွဲ့တို့ ကထိုမျှစ်စို့များကိုခြံဝင်းထဲတွင် အခွံခွာကြသည်။မနက်ပိုင်းတွင် သူတို့ မိန်းကလေးနှစ်ဦးသာအိမ်တွင် ရှိသည်။ ယောကျာ်းသားသုံးယောက်ကိုမူ တပ်ရင်းအဖွဲ့မှတူးမြောင်းဖော်ရာတွင် လုပ်အားပေးခေါ်ထားသောကြောင့် အိမ်တွင် မရှိကြပေ။ ယောက္ခမဖြစ်သူ ဝမ့်ချွန်ဟွား ကကလေးငယ် ဝေ့ယွမ်ဟန် အားရပ်ကွက်ထဲတွင် အလည်အပတ်ခေါ်သွားသည်။ ပေါက်ပေါက်ဖောက်သည့် ကလေးငယ်မရှိသောကြောင့် တစ်အိမ်လုံးကတိတ်ဆိတ်နေသည်။

"ရှောင်ဟန်က...ညီမနားတစ်ချိန်လုံးကပ်နေတော့...သူမရှိတဲ့အခါနည်းနည်းတော့ဟာတာတာကြီးဖြစ်နေမှာပေါ့နော်" ဟု ဖုန်းချိုးယွဲ့ ကပြောလာသည်။

"အမယ်လေး...သူမရှိလို့ကျွန်မသက်သာနေတာပါနော်...မဟုတ်ရင်တစ်ချိန်လုံး တွတ်ထိုးပြီး ဂျီကျနေတာ"

"ရှောင်ယွင်ရယ်...ပါးစပ်ကသာပြောနေတာပါ...ပြီးရင်သူပဲသည်းသည်းလှုပ်ဖြစ်နေပြီးတော့များ" ဟု ဖုန်းချိုးယွဲ့ ကစနောက်ကာဆက်ပြောသည်။

"အင်း...အစ်မချိုးယွဲ့..အခုတော့ပြောထားနှင့်ဦးပေါ့...အစ်မကလေးအမေဖြစ်လာတဲ့တစ်နေ့ကျရင်လည်း...ကျွန်မပြန်လှောင်မှာနော်" ဟဲ့ရှောင်ယွင် လည်းပြုံးတုံ့တုံ့လေးဖြင့် ပြန်ပြောလိုက်သည်။

"အေးပါ...စောင့်ကြည့်ကြသေးတာပေါ့ "သူမတို့ နှစ်ယောက်လုံးစကားတစ်ပြောပြော နှင့် အလုပ်လုပ်နေကြသောကြောင့် မပျင်းရတော့ပေ။ ထို့နောက် အခွံခွာပြီးသားမျှစ်စို့များကိုအ

မြှောင်းလိုက်လှီးဖြတ်ပြီးအိုးတစ်ခုထဲတွင် ရေနွေးဖြောလိုက်သည်။ လက်ကျန်မျှစ်စို့များကိုမူကျောက်သား

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now