1

94 13 4
                                    

အိပ်နေရာမှ မျက်လုံးနှစ်လုံးပွင့်လာတော့ ညကမက်ခဲ့သည့် အိပ်မက်က အတွေးထဲဝင်လာသည်။
Renjun စိတ်ပျက်သွားသည်။ ရည်းစားဟောင်းကို အိပ်မက်မက်သည်တဲ့လား။

Lee Jeno က ပထမနှစ်တုန်းက တွဲခဲ့သည့် သူ့ရည်းစားဟောင်းဖြစ်သည်။ အဲ့သည်တုန်းက စာနဲ့နပန်းလုံးနေရသည့် အထက်တန်းပြီးခါစမို့ ကိုယ့်ကို နည်းနည်းလောက်ကောင်းပေးတာနဲ့ အချစ်လို့ ထင်တတ်သည်။ တက္ကသိုလ်ရောက်တာသုံးလလောက်ကြာတော့ သူတို့တွဲဖြစ်သွားသည်။ ပြီးတော့ ခဏပါပဲ။
ငါးလလောက်ကြာတော့ ပြတ်သွားသည်။ အချိန်ကြာလေလေ Jeno ကို သူ မချစ်တာ သေချာလေလေမို့ သူကအရင်ဖြတ်ခဲ့သည်။ သူတို့ပြတ်သွားတာ သုံးနှစ်လောက်ကြာပြီ။

အိပ်ရာပေါ် လူးလိမ့်ပြီးနောက် ခုတင်ကို ဖနောင့်နဲ့ နှစ်ချက်လောက်ပေါက်လိုက်သည်။
မက်ချင်ဦး အဲ့ဒီ Lee Jeno ကို..။

*

ကျောင်းသွားဖို့ ဘတ်စ်ကားပေါ်တက်လိုက်သည်။ ခုံလွတ်တစ်ခုပေါ်ဝင်ထိုင်လိုက်သည်။

"အား စီနီယာ Jeno က ငါ့ comment ကို reply ပြန်လိုက်ပြီ"

"ဟုတ်လား။ မိုက်လိုက်တာ"

သူ့ရှေ့ခုံက ကောင်မလေးနှစ်ယောက်စကားသံတွေကြောင့် Renjun မျက်မှောင်ကြုံ့မိသွားသည်။
လာပြန်ပြီ ဒီ Lee Jeno ။

*

ဒီတစ်ခေါက် assignment အတွက် group တွေကို ဌာနမှာ စာကပ်ထားပေးတာမို့ သွားကြည့်ရသည်။

"Lee Haechan
Lee Jeno
Huang Renjun
................
................."

ဒီ Lee Jeno က ပြီးပဲမပြီးနိုင်တော့ဘူးလား။ ဒီတစ်နေ့လုံး Lee Jeno  Lee Jeno နဲ့။

"Renjun ရေ မင်းတော့ မိုက်တာပဲ။ ငါနဲ့ တစ်ဖွဲ့တည်း ပြီးတော့ ex နဲ့လည်း တစ်ဖွဲ့တည်း"

Haechan က စပ်ဖြဲဖြဲနဲ့ပြောသည်။ သူနဲ့ Jeno နဲ့က ပြတ်ပြီးကတည်းက စကားတောင်ပြောဖြစ်တာမဟုတ်။ ဒါပေမယ့် Lee Haechan ဆိုသည့် အကောင်းစားသူငယ်ချင်းလေးက အခုထိ move မ on နိုင်သေးချေ။

"အဲ့လောက် ဆူပုတ်မနေပါနဲ့ Lee Jeno အသည်းတုံးလေးရဲ့"

"ချီးပဲ သိလား"

I didn't love you Where stories live. Discover now