မြို့တော်ရဲ့အဆင့်မြင့်အထက်တန်းကျောင်းတစ်ကျောင်းရှေ့မှာ ပိတ်ရပ်ထားတဲ့နောက်ဆုံးပေါ်ဆိုင်ကယ်တစ်စီး~ဆိုင်ကယ်ဘေးမှာရပ်နေတဲ့ကောင်လေးက စွပ်ကျယ်လက်ပြတ်အနက်ပေါ်မှာဂျာကင်အနက်ရောင်ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီအပြဲနဲ့မို့ ဘယ်လိုပဲကြည့်ကြည့်လမ်းသရဲပုံပေါ်နေပြီးပါးစပ်ထဲမှာစုပ်လုံးငုံထားရင်း ကျောင်းသားတွေထွက်လာကြသည်ကိုသာငေးကြည့်နေသည်~
ခပ်ချောချောကျောင်းသူလေးတွေကွက်
ကြည့်ကွက်ကြည့်လုပ်နေတာလဲဂရုမစိုက်နိုင်~သူဂရုစိုက်တဲ့ဟာလေးကအခုထိထွက်မလာသေး~
"ကျိန်းသေပေါက် ဒီကျောင်းဟုတ်ပါတယ်~"
ဂျောင်ဝန်းသူ့ဖုန်းထဲပို့ထားတဲ့ဓာတ်ပုံထဲကကျောင်းနဲ့သူ့ရှေ့ကကျောင်းကိုသေချာတိုက်ကြည့်ရင်းခေါင်းတညိမ့်ညိမ့်နှင့်~~
ဟော ထွက်လာပါပြီ~ပြဿနာအိုး အရှုပ်ထုပ်လေး~~
လူတွေအားလုံးရှင်းသွားတော့မှ ကုပ်ချောင်းကုပ်ချောင်းနဲ့ထွက်လာတာ~~
ကောင်းကင်ပြာလိုဆံနွယ်တွေအစားဖွာလန်ကျဲငွေရောင်ဆံပင်တွေနှင့် မျက်မှန်အကြီးကြီးတစ်လက်တပ်ထားပြီး မနိုင်မနင်းစာအုပ်တွေသယ်ထားတဲ့ကောင်လေးက အဲ့နေ့ညကဟာလေးလို့ထင်ရက်စရာမရှိ~~
လုံးဝကို စာကြမ်းပိုးဆိုက်ဖမ်းထားတာ~
"ဟိတ် ! ! ! ငါ့ကိုမှတ်မိတယ်မလား?? "
* ဘုတ် *
စာအုပ်တွေပစ်ချပြီးထွက်ပြေးဖို့ကြံနေတဲ့ဟာလေးကိုကုပ်ကနေဆွဲထားရသည်~
"ဘယ်ပြေးမလို့လဲ?? ဘယ်မှာလဲ ငါ့ကတ် ပြန်ပေးစမ်း ?? "
"ဘာ....ဘာတွေလာပြောနေတာလဲ?? ခင်ဗျားကိုကျွန်တော်မသိဘူး "
"အတိတ်မေ့သလိုလုပ်မနေနဲ့~ပြန်ပေးစမ်း ကတ်သူခိုး ~~ပတ် ဆောင်း ဟွန်း ....ခင်ဗျားအကြောင်းတွေအားလုံးသိပြီးသားမလို့ ပြဿနာမဖြစ်ချင်ရင် ပြန်ပေးလိုက် "
"ဟက်....လွယ်လွယ်နဲ့တော့ဘယ်ပြန်ရမလဲ?? အပေးအယူတော့ရှိရမှာပေါ့ "
မျက်နှာဖုံးကွာကျသွားတဲ့ဟာလေးက ခနဲ့တဲ့တဲ့လေသံဖြင့်ပြန်ပြောသည်~~
* ကျစ် *
နီခီစုပ်သပ်လိုက်မိသည်~~
ဒီဟာလေးကသူ့ကိုလျှော့တွက်ထားပုံပဲ~~
"အများအမြင်က လူလိမ္မာလေးပတ်ဆောင်းဟွန်းရဲ့ဖုံးကွယ်ထားတဲ့သရုပ်မှန်ပေါ်ချင်ရင် ကြိုက်တာလုပ်လိုက်လေ? "
နီခီက မျက်ခုံးတစ်ဖက်ပင့်ပြရင်းစိန်ခေါ်သည်~~~
"နီရှီမူရာမျိုးရိုးရဲ့အငယ်ဆုံးသားလေး အသက်မပြည့်ပဲ ကလပ်ခိုးသွားပြီးလူရိုက်ခဲ့တယ်လို့ သတင်းထွက်ချင်နေတာလား??? "
ဆောင်းဟွန်းကလဲအချဥ်မဟုတ်ပါ~
ဒီကတ်ကိုရလာကတည်းက အားလုံးစုံစမ်းထားပြီးသား~~~
" နာမည်ကြီးခွဲစိတ်အထူးကုဆရာဝန်ကြီး ပတ်မင်ဆောင်းရဲ့သားကိုကာကွယ်ဖို့အတွက်ဆိုပြီးထပ်ဖြည့်ပေးလိုက်မယ် "
နှစ်ယောက်လုံးရဲ့မျက်ဝန်းတွေကမီးထွက်တော့မဲ့အလား အားပြိုင်နေကြပြီးနောက်.....
နီခီကပဲအရင်အလျှော့ပေးလိုက်သည်~
"ပြော ဘာလုပ်ပေးရင်ကတ်ပြန်ရမှာလဲ?? "
°~°~°~°~°~°~°~°~°~°~°~°~
Tbc~~🐥