"ဆောင်းဟွန်းရှီ ပင်ပန်းနေပြီလား?? "
"မပင်ပန်းပါဘူး ဂျယ်ယွန်းရဲ့....ကျွန်တော်ကဒီအလုပ်တွေလုပ်နေကျပါ......"
စားပွဲခုံတွေသုတ်နေတဲ့ဆောင်းဟွန်းရဲ့နဖူးပေါ်အုပ်ကျနေတဲ့ဆံပင်တချို့ကိုဂျယ်ယွန်းကသပ်တင်ပေးလိုက်သည်~~
အနီးကပ်မြင်ရတဲ့မျက်နှာချောချောက ဘယ်လောက်တောင်ပြီးပြည့်စုံလိုက်သလဲ??
၂ယောက်သားအလုပ်ပြီးစီးလို့ခဏအနားယူနေတုန်း ဂျယ်ယွန်းကဆောင်းဟွန်းမျက်နှာကိုစူးစိုက်ကြည့်နေသည်~
"ဂျယ်ယွန်းရှီ~ကျွန်တော့်မျက်နှာမှာတစ်ခုခုပေနေလို့လားဟင်? "
"အင်း ပေနေတယ်....."
"ဆောင်းဟွန်းရှီရဲ့ချောမောမှုတွေပေနေလို့လေ "
"..........."
ဆောင်းဟွန်းကခဏလောက်ကြောင်ကြည့်နေပြီးမှခပ်ဖွဖွပြုံးသည်~
"ဂျယ်ယွန်းရှီလဲ ဒီနေ့ရေမွှေးဆွတ်လာတယ်ထင်တယ်"
"ဗျာ "
"ချစ်စရာကောင်းတဲ့အနံ့လေးတွေရနေတယ်လေ "
"သြော် ဟား ဟား....ဆောင်းဟွန်းရှီက နောက်တတ်တာပဲ "
ဂျယ်ယွန်းကရယ်နေပြီး နီရဲနေတဲ့နားရွက်ဖျားလေးတွေက ရှက်နေကြောင်းဖော်ပြသည်~~
"ဟိုလေ ဆောင်းဟွန်းရှီ....ကျွန်တော်.........."
* ဒုန်း *
"ဘုရား ! ! "
ဆိုင်ထဲကိုတံခါးဆောင့်တွန်းပြီးဝင်လာတဲ့သူကြောင့် ဂျယ်ယွန်းမှာပြောလက်စစကားပင်ရပ်သွားပြီးဘုရားတမိသည်~~
"အဟမ်း....ဘာမှာလို့ရသေးလဲ?? "
"ဆိုင်ပိတ်ပါပြီ....စားချင်ရင်နောက်နေ့မှလာခဲ့ပါ "
"ကျစ်...စားသုံးသူတစ်ယောက်လုံးရှိနေတာကို ရှိတာချပေးရမှာမဟုတ်ဘူးလား?? "
"ပန်းကန်အကုန်ဆေးပြီးပြီမို့ ရေပဲရပါတော့မယ်ခင်ဗျ "
"ထားလိုက်တော့.....ဘယ်လိုဆိုင်လဲ ဧည့်ဝတ်မကျေလိုက်တာ...."
"ဒီက စားသုံးသူက ရှေ့မှာချိတ်ထားတဲ့ဆိုင်းဘုတ်ကိုသေချာမကြည့်ပဲဝင်လာခဲ့တာမဟုတ်လားဗျ~ဒီနားကဆိုင်တွေအားလုံးက ၁၀နာရီဆိုပိတ်ကြတာပဲလေ"