တစ်ပတ်ကြာပြီးနောက်.....
* ချောက် *
အိမ်တံခါးဖွင့်လိုက်တော့ ဘာပစ္စည်းမှများများစားစားမရှိတဲ့ တိုက်ခန်းလေးကသူတို့ကိုကြိုဆိုနေသည်~
အိပ်ခန်း၂ခန်း ရေချိုးခန်း အိမ်သာ မီးဖိုချောင်နဲ့ဧည့်ခန်းတို့သာပါရှိတဲ့ ရိုးရိုးရှင်းရှင်းလေး~~
ဒီနေရာလေးကိုရဖို့ဆောင်းဟွန်းအတော်လေးကြိုးစားလိုက်ရသည်~
တစ်စုံတစ်ယောက်ရဲ့အကူအညီတော့မပါမဖြစ်ပေါ့~~
"အားလုံးပြီးဆုံးသွားပြီ မေမေ~အခုကစပြီးသားတို့အေးအေးချမ်းချမ်းနဲ့ဘဝအသစ်ကိုပြန်စကြမယ် "
ဆောင်းဟွန်းပြောတော့ မေမေကသူ့ကို
ပြုံးကြည့်သည်~~"သားငယ်လေးတောင် အရွယ်ရောက်လာပြီပဲ~ဒီအမေကမင်းကိုဒုက္ခတွေပေးမိပြီမလား? "
"မဟုတ်တာမေမေရဲ့~ဒါသားလုပ်ပေးသင့်တဲ့အရာတွေပါ~"
သားအမိ၂ယောက်ပစ္စည်းတွေနေရာချကြပြီး ဘေးချင်းကပ်လျက်တိုက်ခန်းကိုလဲသွားရောက်နှုတ်ဆက်ခဲ့ကြသည်~
ဘေးအိမ်မှာသူ့ထက်အနည်းငယ်ကြီးတဲ့အစ်ကိုတစ်ယောက်ရှိတာမို့ လူငယ်အချင်းချင်းမြန်မြန်ဆန်ဆန်ပဲရင်းနှီးသွားကြသည်~~
"မေမေ့လက်ရာကအမြဲတမ်းစားကောင်းနေတာပဲ"
ဆောင်းဟွန်းက ဟင်းရည်ကိုသောက်လိုက်ရင်းပြောတော့မေမေကရယ်သည်~
"ဒီကလေးကတော့ အမြဲတမ်းစားနေတာကိုကွယ်...အထူးအဆန်းလုပ်လို့..."
"ပိတ်ရက်ကျရင် သားတို့ခရီးတွေထွက်ကြမယ်လေ~ဟုတ်သား အစ်ကိုကလဲ သူ့ကျောင်းပိတ်ရက်ကျရင်လာလည်မယ်တဲ့~သူလဲမေမေနဲ့တွေ့ချင်နေတာ...."
"ဆောင်းဟွန်းနီး မေမေမေးတာကိုအမှန်အတိုင်းဖြေနော်....ဒီတိုက်ခန်းလေးကိုသားဘယ်ပိုက်ဆံနဲ့ဝယ်ခဲ့တာလဲ?? "
အဖေအဖမ်းခံရပြီး ပိုင်ဆိုင်မှုတွေချိပ်ပိတ်ခံလိုက်ရပြီးတဲ့နောက် သူတို့သားအမိအတွက်ငွေကြေးများများစားစားမကျန်ခဲ့မှန်း မေမေသိနေသည်~