မနက်စာထမင်းဝိုင်းတွင် နီခီတစ်ယောက်အတွေးလွန်နေသည်~~
ဆောင်းဟွန်းကလူကြိုက်များတာသိလို့ သူ့အပိုင်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲတွေးနေခြင်း~
မနက်ကဖုန်းဆက်တဲ့တစ်ယောက်အကြောင်း ဆောင်းဟွန်းကိုမေးလိုက်ရင်ကောင်းမလား??
တော်ကြာဘာမှမဆိုင်သေးပဲနဲ့စည်းကျော်သလိုဖြစ်သွားမှာလဲစိုးရသေး~
"သားလေး စားမကောင်းဘူးလား? အိုမားချက်ထားတာမကောင်းလို့လား? "
"မဟုတ်ပါဘူး အိုမားရဲ့~~အိုမားလက်ရာကအရမ်းစားကောင်းတာ..."
နီခီက လက်မထောင်ပြတော့ အမေကသဘောတကျကျနှင့်~~
အမေက ကလေးချစ်တတ်တာသိပေမဲ့ ဒီအရွယ်ကြီးကတော့ ကလေးလို့ပြောရင်ဘယ်သူမှမယုံလောက်~
"မြန်မြန်စား...မင်းဒီနေ့ကျောင်းတက်ရမှာမလား~စားပြီးရင်ပြန်တော့ "
"အိုမားရေ~ဆောင်းဟွန်းနီးဟျောင်းက ကျွန်တော့်ကိုအတင်းနှင်ထုတ်နေတော့တာပဲ "
"အေးလေ ကလေးသူ့ဘာသူစားနေတာ
မနှောင့်ယှက်နဲ့ "ဒီအချွဲတုံးသခင်လေးကြောင့် သူတော့နေရာပျောက်တော့မှာပဲ~~
* ting tong *
"ဘယ်သူလာတာလဲ မသိဘူး? "
ဆောင်းဟွန်းတံခါးဖွင့်ပေးလိုက်တော့ ကျောင်းဝတ်စုံပြည့်နဲ့ ရပ်နေတဲ့ ဂျယ်ယွန်း....
"ဂျယ်ယွန်းရှီ ကျောင်းသွားတော့မလို့လား?? "
ဆောင်းဟွန်းနာရီကိုတချက်ကြည့်လိုက်တော့ ၇နာရီ.....
"ဒီနေ့စောစောနိုးနေတော့ ...အဲ့တာနဲ့ ဆောင်းဟွန်းဆီလာခဲ့တာ စောစောလေးကျောင်းသွားကြမလားလို့လေ "
"အော်....ကျွန်တော်ကဖြင့် ဘာမှမပြင်ဆင်ရသေးဘူး~အိမ်ထဲမှာဝင်စောင့်မလား?? "
"ရတယ် ရတယ် ~ အားမနာနဲ့နော် ဆောင်းဟွန်းရှီ....ဖြည်းဖြည်းလုပ်ပါ ကျွန်တော်ကအားနေလို့ သိလား?? "
ဂျယ်ယွန်းအိမ်ထဲဝင်လာတော့ တွေ့ပါပြီ
ညကအဖျက်သမားလေး~အံမယ် သူက ထမင်းစားဝိုင်းမှာ အခန့်သားထိုင်နေပြီး ဂျယ်ယွန်းကိုလဲ မျက်မှောင်
ကြုံ့ကြည့်နေသေးသည်~