"အိုမား မသယ်နဲ့~~တော်ကြာလွတ်ကျဦးမယ် သားသယ်ပေးမယ် "
"အေး အေး "
"မြေစေးထည့်မှာမလား....သားနယ်ပေးမယ် "
"နီခီကလိမ္မာလိုက်တာ....ဆောင်းဟွန်းများ တစ်ချက်လေးတောင်အဖော်မရဘူးကွယ် "
ဆောင်းဟွန်းပွက်ပွက်ဆူနေပြီဖြစ်သည့်ဟင်းရည်အိုးကိုမီးပိတ်လိုက်ရင်း ဝရန်တာဘက်ကိုတစ်ချက်ထွက်ကြည့်လိုက်သည်~
မေမေပန်းစိုက်တာကိုကူညီပေးနေတဲ့နီခီကြောင့် မေမေကသဘောကျပြီးရှယ်ချီးကျူးနေသည်~
ဆောင်းဟွန်းကတော့ ပန်းအိုးလဲမသယ်နိုင်သလိုမြေကြီးလဲမကိုင်ချင်ပါ~
ဒါကြောင့်ခပ်ဝေးဝေးကနေသာကြည့်နေလိုက်သည်~~
မထင်ရဘူး~နီရှီမူရာသခင်လေးက ဒီလိုမျိုးတွေလဲလုပ်နိုင်လိမ့်မယ်လို့~~
"လက်ကိုသေချာပြောင်အောင်ဆေးနော်
နီခီ~တော်ကြာ ပိုးမွှားတွေကပ်ပါလာဦးမယ် "ဆောင်းဟွန်းက ရွှံ့တွေနဲ့ပေပွနေတဲ့ နီခီကိုကြည့်ပြီး နှာခေါင်းတရှုံ့ရှုံ့နှင့်~~~
"ဆောင်းဟွန်းက အရမ်းအသန့်ကြိုက်တာပဲလား?? "
"မဟုတ်ပါဘူးနော်~~ငါကအဲ့လိုညစ်ပတ်တာတွေကိုင်ရင် နည်းနည်းကသိကအောင့်ဖြစ်တတ်လို့ပါ~ဒါနဲ့ မင်းကအပင်စိုက်ဖူးတာလား? "
"ငယ်ငယ်ကခြံထဲမှာအပင်တွေစိုက်ရင် အမေ့ကိုကူနေကျလေ~~ကြီးလာမှသာ အနားမကပ်တော့တာ "
"မင်းမျက်နှာမှာ ရွှံ့တွေပေနေတယ် "
"ဟုတ်လား?? "
ဆောင်းဟွန်းပြတဲ့နေရာကို သုတ်နေပေမဲ့ တလွဲဖြစ်နေတာကြောင့် မနေနိုင်တဲ့သူကပဲသုတ်ပေးလိုက်တော့သည်~~
"............."
".............."
ခဏလေး~~ခဏလေးပဲ~~
မျက်လုံးချင်းဆုံသွားတဲ့အခိုက်အတန့်လေးမှာ ရင်ထဲကိုဗုံးအလုံးတစ်ရာလောက်ကြဲချလိုက်သလို တုန်ခါသွားတယ်လို့ ခံစားရတယ်~~~
ဆောင်းဟွန်းရဲ့မျက်လုံးလှလှလေးတွေက
နီခီ့အတွက် black hole လိုပဲ~~