"နီခီ စောစောစီးစီးမီးဖိုထဲဘာလုပ်နေတာလဲ?? "
မနက်စာပြင်ဖို့ဆင်းလာတဲ့အမေနဲ့တန်းတိုးတာကြောင့် နီခီတစ်ယောက်သူခိုးလူမိဖြစ်သွားသည်~
"ဘာလုပ်ဖို့တုန်း မုန့်တွေအများကြီးထည့်နေတာ"
အမေလုပ်ထားတဲ့ မက်မွန်သီးအစာသွပ်မိုချီတုံးလေးတွေကို စက္ကူဖာထဲအစီအရီထည့်နေသောနီခီ~~
"သားသူငယ်ချင်းကိုပေးမလို့ ယူသွားမှာ "
"သူငယ်ချင်းရောဟုတ်ရဲ့လား?? "
"..........."
ဒီရက်ပိုင်းပြောင်းလဲနေတဲ့သားတော်မောင်ရဲ့ပုံစံနဲ့ဆိုရည်းစားရနေပုံပင်~~
"မနက်စာစားပြီးမှ သွားနော်~မင်းအိမ်မှာမနက်စာမစားတာကြာနေပြီ "
"ဟုတ်...."
"အမေ အဖေနဲ့ဘယ်လိုလက်ထပ်ဖြစ်ခဲ့တာလဲ?? "
အမေမနက်စာပြင်နေတာကိုငြိမ်ငြိမ်လေးထိုင်ကြည့်နေရင်းမေးမိသည်~
အမေက မနက်စာတစ်ခုတော့ကိုယ်တိုင်ပြင်လေ့ရှိသည်~
လူစုံတက်စုံထမင်းစားဖြစ်တဲ့ အချိန်မို့လို့ပါတဲ့~~
"မင်းအဖိုး၂ယောက်ကသူငယ်ချင်းတွေလေ~အစတည်းက နီးစပ်စေချင်လို့ ခဏခဏတွေ့ပေးရင်းကနေလက်ထပ်ဖြစ်သွားတာပဲ~ဘာဖြစ်လို့လဲ? "
"ဘာမှမဖြစ်ပါဘူး~"
"ရည်းစားရနေပြီမလား? "
"မရသေးပါဘူးနော်~ဒီအတိုင်း......."
"ငါလဲငယ်ရာကကြီးလာတာပါ~မင်းရဲ့အချိုးတွေကိုလူစားလဲသလိုပြောင်းပစ်လိုက်ပုံအရဆို နီခီတို့တော်တော်ဖြစ်နေပုံပဲ ဟမ်? "
"သားကအဲ့လောက်တောင်သိသာနေလား ? "
"မင်းအဖေတောင်ရိပ်မိတယ်~ဘယ်အိမ်ကသမီးလဲဆိုတာ သိချင်နေတယ်လေ "
"အမေတို့မသိလောက်ပါဘူး~သူကဒီတိုင်းသာမန်မိသားစုကပဲ ဒါပေမဲ့ အရမ်းချစ်ဖို့ကောင်းတယ်"
"ဘာပဲဖြစ်ဖြစ် မင်းကငယ်သေးတယ်~ပေါက်ကရတွေလျှောက်မလုပ်နဲ့~ငါပြောချင်တာသိလား?? "