Epi 11

180 31 6
                                    

"ဟိုကောင်လေး အဲ့စားပွဲကိုအရင်သုတ် "

"ဟိုနားကပန်းကန်တွေသိမ်းလာဦး "

"တစ်ရှူးဗူးကိုမဖြည့်ထားဘူးလား နီခီ~"

"ဒီမှာ ရေဗူးအသစ်တွေထားပေးပါဦး "

"ဟိုမှာ ရေကွက်နေတဲ့နေရာကိုကြမ်းတိုက်
လိုက်ဦးနော်"

.
.
.
.
.
.

အလုပ်လုပ်ရတာ လွယ်ကူမနေဘူး..

ပိုက်ဆံကလွယ်လွယ်နဲ့မရမှန်းနီခီသဘောပေါက်လာသည်...

သူအရင်ကသုံးခဲ့ဖြုန်းခဲ့တာတွေကိုတောင် နောင်တရချင်လာသလိုပဲ~

အလုပ်စဝင်ဝင်ချင်းတုန်းက ဆောင်းဟွန်းကိုစိတ်မချတာကလွဲပြီး ဘာမှမလုပ်တတ်မကိုင်တတ်မို့ အတော်လေးဒုက္ခရောက်ခဲ့သေးသည်~

တော်သေးတယ် ဆောင်းဟွန်းကအားလုံးကူညီပေးလို့~

အင်း..ဂျယ်ယွန်းနဲ့ဟီဆွန်းဟျောင်းလဲ ကူညီပေးပါတယ်~

နီခီ အဲ့၂ယောက်နဲ့အမြဲတမ်းစောင်းချိတ်နေပေမဲ့ တဖြည်းဖြည်းအဆင်ပြေလာတယ်ပဲပြောရမလား~

မတည့်တဲ့အချိန်ဆိုလို့ ဆောင်းဟွန်းနားကပ်တဲ့အချိန်လောက်ပဲရှိတယ်~

"အား....ပင်ပန်းလိုက်တာ "

နီခီတစ်ယောက်နဖူးမှစီးကျနေတဲ့ချွေးအချို့ကိုသုတ်ရင်းပြောသည်~

"သူပေးထားတဲ့ပိုက်ဆံနဲ့တန်အောင်တော့လုပ်ရမှာပေါ့...အေးလေ မင်းလိုသူဌေးသားကကြာကြာဘယ်လုပ်နိုင်မှာလဲ?? "

"ဂျယ်ယွန်းသာစောင့်ကြည့်နေလိုက်ပါ~ဘယ်သူအရင်အလုပ်ထွက်မလဲလို့..."

"ငါ့ရဲ့ဒီမျက်လုံးကြီး၂လုံးနဲ့သေချာစောင့်
ကြည့်နေမယ် သိလား....မင်းဒီဆိုင်ကနေရော ဆောင်းဟွန်းအနားကနေပါ ထွက်သွားရမှာ.."

"ဆုတောင်းနေလိုက်ပါ ဂျယ်ယွန်းရှီ "

"ဟေး ~စကားနိုင်လုမနေကြနဲ့တော့~ဒီမှာ energy drinks သောက်ကြဦး"

ဆောင်းဟွန်းက energy drinks ဘူးတွေကိုပေးလိုက်ရင်း နီခီ့ဘေးမှာဝင်ထိုင်လိုက်သည်~

NO REGRETSWhere stories live. Discover now