Epi 2

126 24 8
                                    


Flashback starts...

3 days ago.....

Taxiပေါ်ကဆင်းလာတဲ့သူ့ကို clubရဲ့လုံခြုံရေးအစောင့်က ထူးဆန်းသလိုကြည့်သည်~~

မဆန်းပါဘူး.....ဒီလိုမျိုး ဒိတ်ဒိတ်ကြဲသားသမီးတွေပြည့်နေတဲ့ club ကို Taxiနဲ့လာတယ်ဆိုတော့ ဒီကောင်ဘယ်ကလဲဆိုပြီး ??? တွေတန်းစီနေလောက်ပြီ~~

"ဧည့်သည် စိတ်မရှိပါနဲ့ မှတ်ပုံတင်လေးတစ်ချက်လောက်ပြပါ....."

ပါးစောင်ကိုလျှာနဲ့တစ်ချက်ထိုးလိုက်ပြီး သားရေဂျက်ကတ်ထဲက cardကိုထုတ်ပေးလိုက်သည်~

မှတ်ပုံတင်တော့မဟုတ်~~

clubရဲ့ gold member card.....

အစောင့်ကချက်ချင်းပင်ပျာပျာသလဲဆီးကြိုကာ လမ်းဖွင့်ပေးသည်~

ဒါပဲလေ~~နီခီတို့ကမပိုင်ရင်ခြင်တောင်မရိုက်ဘူး~~

သူ့အဖွဲ့သားတွေကိုသိပ်တော့မရှာလိုက်ရပါဘူး~

၂ယောက်သားBar counterမှာထိုင်နေကြသည်လေ~~

"Hey....နီရှီမူရာ ရီခီ ! ! ! ငါတို့ဒီမှာ....."

"Shit !  ခေါ်မယ်ဆိုလဲ နီခီပဲခေါ်စမ်းပါ~သူများကြားရင် နောက်နေ့ချက်ချင်းအိမ်ပေါ်ကနေဆင်းရလိမ့်မယ်ကွ...."

"Sorry ကွာ သားကြီးရာ ဘာသောက်မလဲ?? "

"အဆင်ပြေတာပဲမှာပေး ဘာဖြစ်ဖြစ်ရတယ် "

"Blue lagoon တစ်ခွက် alcohol နည်းနည်းပဲနော် "

ဆောနူက သူ့အတွက်မှာပေးသည်~~

အရည်လေးနည်းနည်းဝင်လို့ထွေနေပြီဖြစ်တဲ့
ဂျောင်ဝန်းရဲ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး အပေါ်ထပ်ကိုချွတ်လိုက်တော့ sleevless hoodieကြောင့် လက်မောင်းကြွက်သားများကိုအထင်းသားမြင်နေရသည်~~

နီခီကအခုမှ Clubကိုစလာဖူးတာ~

အမှန်အတိုင်းပြောရရင် သူ့အစ်ကိုရဲ့ member card ကိုခိုးပြီးလာခဲ့တာ~~

သူနဲ့သူငယ်ချင်းပေါင်းပေါင်းနေတဲ့ ဂျောင်ဝန်းတို့ ဆောနူတို့ဆိုတာ သူ့ထက် ၂နှစ် ၃နှစ်ကြီးတဲ့ အစ်ကိုတွေ~

သူတစ်ယောက်ပဲအသက်မပြည့်သေးလို့ ဒီနေရာတွေဝင်ထွက်လို့မရသေးတာ~

NO REGRETSWhere stories live. Discover now