"ပြော ဘာလုပ်ပေးရင်ကတ်ပြန်ရမှာလဲ?? ""ဒီလိုနေရာမျိုးမှာပြောလို့ဘယ်ဖြစ်ပါ့မလဲ...ငါ့နောက်လိုက်ခဲ့ "
နီခီ့မှာ ကတ်ပြန်ရဖို့အရေး ဒို့အရေးလုပ်ပြီးဆောင်းဟွန်းခေါ်တဲ့နောက်လိုက်သွားရတော့သည်~
~
~
~
~
~"စကားလေးပြောရုံပဲကို ဘာကိစ္စနဲ့ သီးသန့်ခန်းယူရတာလဲ?? "
ကျောင်းနားကနာမည်ကြီးစားသောက်ဆိုင်ရဲ့သီးသန့်ခန်းကိုခေါ်လာတဲ့ ဆောင်းဟွန်း
ကြောင့် နီခီမေးလိုက်သည်~"ငါပြောမဲ့ကိစ္စက သူများတွေသိလို့မဖြစ်ဘူး~"
ဆောင်းဟွန်းကလက်ဖက်ရည်ငှဲ့နေရင်းပြောသည်~
"သောက်ဦးမလား?? "
"တော်ပြီ~colaပဲသောက်မယ် "
ငယ်ငယ်ကအဖွားနဲ့နေရတာများလို့လက်ဖက်ရည်ပဲသောက်ခဲ့ရတာကြောင့် နီခီကလက်ဖက်ရည်ဆိုမြင်တောင်မမြင်ချင်~
"ပြောစရာရှိတာမြန်မြန်ပြော~ခင်ဗျားလိုအားမနေဘူး"
"ငါအားနေတယ်လို့မင်းကိုဘယ်သူပြောလဲ?~ပြီးရင်အချိန်ပိုင်းအလုပ်ရှိသေးတယ် "
"ဒီတ်ဒိတ်ကြဲဆရာဝန်ကြီးရဲ့သားလဲ အချိန်ပိုင်းလုပ်တာပဲလား?? "
"ငါကချမ်းသာတယ်ဆိုတိုင်း ပေါ်ကြော့နေတတ်တဲ့သူမျိုးမဟုတ်ဘူးလေ"
"ဟွန့် "
နီခီဆောင်းဟွန်းမမြင်အောင်နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်~
ဒါသူ့ကိုသက်သက်စော်ကားတာ~~
"စားစရာတွေရောက်လာပြီ~အရင်စားကြရအောင်"
~
~
~
~
~"ရော့...ဒီဟာက ဒေါက်တာပတ်မင်ဆောင်းနဲ့အကြီးပိုင်းဆရာဝန်တချို့ အကောင်ကြီးတွေနဲ့ပေါင်းပြီး လာဘ်စားထားတဲ့ video clip တွေစုထားတာ~~ဒီဟာက ဒေါက်တာပတ်မင်ဆောင်းဖောက်ပြန်နေတဲ့သက်သေတွေ~~သူနဲ့ဖောက်ပြန်နေတဲ့ ဆရာဝန်မအကြောင်းပါထည့်ထားတယ်"
ဆောင်းဟွန်းက သူ့ဆီကို USB နှစ်ခုပေးလာတာကြောင့် နီခီကြောင်သွားသည်~~