"နီခီ ဒါဘယ်ကပြန်လာတာလဲ?? မင်းဒီတစ်ပတ်လုံးအိမ်မကပ်ဘူးနော်~ကျောင်းလွှတ်ရင်ဘယ်သဝေထိုးနေလို့ညမှပြန်ရောက်တာလဲ?? "
ဆိုင်ကယ်သော့လေးတရမ်းရမ်းနှင့်အိမ်ထဲဝင်လာတဲ့နီခီကို အမေကလှမ်းအော်သည်~
"နာရီကိုကြည့်....ဒါကျောင်းသားအိမ်ပြန်လာရမယ့်အချိန်လား?? "
အဖေရော အမေရော သူ့ကိုဆူချင်လို့များတမင်စောင့်နေကြသလား အောက်မေ့ရသည်~
"အခုမှ ၁၀ခွဲပဲရှိသေးတာပါ~သူများတွေအပြင်မှာသွားလို့လာလို့ကောင်းတုန်းကို...."
နီခီ့စကားကြောင့် အမေကမနိုင်ဘူး
သဘောဖြင့်ခေါင်းယမ်းသည်~"အော....ငါ့ညီလေး မတွေ့တာတောင်ကြာပြီ...မနက်အစောကြီးအိမ်ကထွက်ပြီး ညမိုးချုပ်မှပြန်လာရအောင် မင်းကငါ့ထက်တောင်အလုပ်ရှုပ်နေသလားလို့...."
coffeeတစ်ခွက်ကိုင်ပြီးထွက်လာတဲ့အစ်ကိုကြီးကလဲသူ့ကိုခနဲ့ပြန်သည်~
ဒီအိမ်မှာသူ့ကိုကြည်ဖြူတဲ့သူကိုမရှိပါဘူး....
နီခီအရမ်းဝမ်းနည်းတာပဲ~
ဆောင်းဟွန်းတို့အိမ်မှာပဲပြောင်းနေချင်တော့တယ်~
"ကဲ ပြောစမ်းပါဦး....ငါဂျောင်ဝန်းတို့ကိုမေးပြီးပြီ~သူတို့နဲ့လဲဒီရက်ပိုင်းမတွေ့ဖြစ်ဘူးဆို...ဘာတွေလျှောက်လုပ်နေတာလဲ???
မဟုတ်မှ မင်းမကောင်းတဲ့ကောင်တွေနဲ့ပေါင်းပြီး ဆေးချနေတာလား?? တရားမဝင်ဆိုင်ကယ်ပြိုင်မောင်းနေတာလား?? "
"အဲ့တာဆို ဒီကောင်ကို ဂျပန်ကသူ့အဖိုးဆီချက်ချင်းပြန်ပို့မှရမယ် "
"ဟာ အမေကလဲ ဘာတွေပြောနေတာလဲ? ကျွန်တော်ကငယ်ငယ်လေးရှိသေးတာကို အဲ့တာတွေလုပ်စရာလား...."
"ဒါဆိုပြောလေ~ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲဆိုတာ..."
"ကျွန်တော် အချိန်ပိုင်းလုပ်နေတာ..."
"ဟမ်?? "
"သူဘာပြောလိုက်တာ?? "
*အဟွတ် အဟွတ် *
သူ့ကိုယုံကြည်ကြတာများ သောက်လက်စcoffeeတောင်ထသီးတဲ့အထိ~~
"ထင်သားပဲ ပြောလဲယုံမှာမှမဟုတ်တာ..."