"ဒီအိမ်လား?? "
နီခီက တိုက်ခန်းကျဥ်းကျဥ်းကိုတစ်ချက်ဝေ့ကြည့်ရင်းပြောသည်~~
"မနေချင်ပြန်~~"
"မပြန်ပါဘူး ညအိပ်မှာလို့ပြောပြီးသားကို...."
ဆောင်းဟွန်းဖိနပ်ချွတ်နေတုန်းမှာပင် နီခီက အိမ်ထဲရောက်သွားပြီ~~
"ဆောင်းဟွန်း သားပြန်လာတာနောက်ကျတယ်နော်~ဒါလေးကဘယ်သူလဲ....သားသူငယ်ချင်းလား?? "
"မဟုတ်....."
"ကျွန်တော်က ဆောင်းဟွန်းနီးဟျောင်းရဲ့ဂျူနီယာလေးပါ~~နီခီလို့ခေါ်ပါတယ် ခင်ဗျ...."
"ဟုတ်ပါပြီ သားကဘာလို့ဒီကိုလိုက်လာတာလဲ?? နောက်ကျနေပြီလေ...အိမ်မပြန်ဘူးလား?? "
"မိဘတွေခရီးသွားလို့ အိမ်မှာဘယ်သူမှမရှိတာနဲ့ ဆောင်းဟွန်းနီးဟျောင်းကသူနဲ့လာနေလို့ရတယ်ဆိုလို့လိုက်လာတာပါ...."
ဆောင်းဟွန်း ; ! ! !
" ဆောင်းဟွန်းက အိမ်ကိုသူငယ်ချင်းခေါ်လာတာရှားတယ်...ကြည့်ရတာ သားကိုတော်တော်ခင်ပုံပဲ...လာ လာ ညစာစားပြီးပြီလား?? "
"မစားရသေးဘူး အိုမား..."
"ဟုတ်လား? ဆောင်းဟွန်းနီးအတွက် ညစာချန်ထားတာရှိတယ်..."
"ကျွန်တော်မစားတော့ဘူး မေမေ "
"ဒါဆို နီခီလေးအတွက်ဖြစ်သွားတာပေါ့..."
နီခီ့ကိုခေါ်ပြီးမီးဖိုဆောင်ထဲဝင်သွားတဲ့မေမေကြောင့် ဆောင်းဟွန်းပြုံးလိုက်မိသည်~
ပလီပလာဉာဏ်တွေနဲ့တကယ့်မလွယ်ကြောသခင်လေးပဲ...
°~°~°~°~°~°~°~°~°~°~
"ရော့.....မအိပ်ခင်ရေအရင်ချိုးလိုက် "
ဆောင်းဟွန်းက နီခီ့အတွက်ညအိပ်ဝတ်စုံအသစ်ထုတ်ပေးရင်းပြောသည်~~
ဘဲပုံအရုပ်လေးတွေနဲ့မို့နီခီကမျက်နှာတစ်ချက်ရှုံ့သွားပေမဲ့ဘာမှအထွန့်မတက်ပဲရေချိုးရန်ထွက်သွားသည်~~
ဆောင်းဟွန်းစာကြည့်စားပွဲမှာစာလုပ်နေတုန်း နီခီပြန်ရောက်လာသည်~
"ဆောင်းဟွန်း မအိပ်သေးဘူးလား?? "
"မအိပ်သေးဘူး စာလုပ်ရဦးမယ်~မင်းအိပ်ချင်ရင်ကုတင်ပေါ်မှာအိပ်....ငါအောက်မှာအိပ်မယ်"