"နီခီ နိုးလာပြီလား?? ""မင်းကွာ အပေါ်မှာအခန်းယူရင်လဲယူထားတယ်ကြိုမပြောဘူး ငါတို့မှာ အိမ်သာနဲ့ Dance floor ကြား မင်းပျောက်သွားလို့ရှာလိုက်ရတာ~"
"နေပါဦး ငါကဒီကိုဘယ်လိုရောက်?? "
သူ့ခေါင်းထဲမှာပေါ်လာတာက သူ ညက blue lagoon တစ်ခွက်တည်းနဲ့မူးသွားတာ~
အိမ်သာသွားပြီးပြန်ထွက်လာတော့ လူတစ်ယောက်နဲ့တိုက်မိတယ်~
ပြီးတော့~~ပြီးတော့ ဘာဆက်ဖြစ်လဲစဥ်းစားမရဘူး......
"ငါမမှတ်မိဘူး....အိမ်သာကထွက်လာပြီးလူတစ်ယောက်နဲ့တိုက်မိတဲ့အထိပဲမှတ်မိတာ..."
"သောက်စမရှိလို့ပါ ဖြစ်တတ်တယ်~အိမ်သာကြွေခွက်ထဲမူးပြီးခေါင်းစိုက်မနေတာပဲ ကျေးဇူးတင်ဦး"
"နိုးရင်လဲပြန်ကြရအောင် မင်းအစ်ကိုကြီးဖုန်းဆက်လို့ ငါ့အိမ်မှာအိပ်တယ်လို့ပြောထားတယ် "
"ကျေးဇူးပဲဂျောင်ဝန်း....နောက်ကျရင်လျှော့သောက်မှပါ "
"နီခီရာ မင်းနဲ့အကိုက်ဆုံးက cola ပဲ သိလား "
ဆောနူကိုမျက်စောင်းလှမ်းထိုးလို့ ဘောင်းဘီအိတ်ထဲစမ်းမိတော့ မျက်လုံးပြူးသွားသည်~~
"ဟာ.....သွားပြီ ငါ့ member card မရှိတော့ဘူး! ! "
"ဟမ်?? "
"ဘာဖြစ်တယ် ! ! "
"အထားမှားတာလား သေချာရှာကြည့်ဦး"
"........."
"ငါသေချာထည့်ထားတာ အိတ်ကပ်ထဲကို....."
"တစ်ယောက်ယောက်ခိုးသွားတာလား?? မင်းကမူးနေတော့ ပြောမရဘူးလေ "
"နီခီရာ သေချာစဥ်းစားစမ်းပါ~ဒါဘဝနဲ့ဆိုင်တဲ့ကိစ္စကြီးနော် "
ဟုတ်တယ် ~~
ဂျောင်ဝန်းပြောသလိုပဲ...ဒါကနီခီ့ဘဝကြီးတစ်ခုလုံးနဲ့သက်ဆိုင်နေတာ~
ဒီ cardပျောက်နေတာသာ သူ့အစ်ကိုသိသွားလို့ကတော့ သူမှန်းရိုက်စစ်စရာတောင်မလိုပဲပေါ်သွားမှာ~~
ရှာထားတဲ့ပြဿနာတွေမီးခိုးကြွက်လျှောက်ပေါ်လာနိုင်တာမို့အခန့်မသင့်ရင် နယ်နှင်ဒဏ်ပေးခံရနိုင်သလို အကျယ်ချုပ်လဲကျနိုင်သည်~~
စိတ်တွေလဲလေပါတယ်~တကယ်ဘယ်သူနှိုက်သွားမှန်းကိုမသိတာ~~
" CCTV တောင်းကြည့်ရအောင် "
"ညက CCTV ပျက်နေတယ်လို့ပြောတာမကြားဘူးလား?? နီခီ မင်းနဲ့တိုက်မိတဲ့လူခိုးသွားတာရောမဖြစ်နိုင်ဘူးလား?? "
"............"
မနည်းဖျစ်ညှစ်ပြီးစဥ်းစားကြည့်တော့ ညကမှတ်ဉာဏ်တွေပေါ်လာတာကွက်တိကွက်ကျား.....
"အား ! ! ! ဂျောင်ဝန်း...ဆောနူ...ငါညက
လူရိုက်ခဲ့သေးတယ်ထင်တယ် "" ဘာ ! ! ! "
"OMG ! ! ! "
"ဟုတ်တယ်~ပြီးတော့......ငါမှတ်မိပြီ ငါနဲ့တိုက်မိတဲ့တစ်ယောက်က Benjamin ပဲ~သူ့နောက်လိုက်လာတဲ့တစ်ယောက်ကိုငါရိုက်ခဲ့တာ "
"........."
"ဟုတ်တယ် သူပဲ~~မျက်လုံးပြာပြာ ဆံပင်ပြာပြာနဲ့ လူကလဲပြာယာခတ်နေတာ~~~~ကျိန်းသေတယ် ငါ့card ကိုခိုးသွားတာသူပဲ~ငါ့ကိုလဲသူပဲဒီထဲထည့်သွားခဲ့တာဖြစ်မယ် "
"Benjamin ဆိုတာသေချာလား နီခီ "
"ငါ့ရဲ့ဂုဏ်သိက္ခာနဲ့ကျိန်ပြောရဲတယ် "
နီခီရဲ့စကားကြောင့် ဆောနူကနှာခေါင်းရှုံ့သည်~
မသိရင်သူကပဲကြီးကျယ်မြင့်မြတ်နေသလိုလို~~
"Ok ဒါဆို ငါသူ့အကြောင်းစုံစမ်းပြီးမင်းကိုပို့ပေးလိုက်မယ်~Cardကတော့ ကိုယ့်ဘာသာသွားတောင်းလိုက်တော့~အနုနည်းနဲ့မရလဲ အကြမ်းနည်းသုံးပြီးရအောင်တောင်းခဲ့ကွာ~ "
"Thank you so much boys...."
"လူရိုက်ခဲ့တဲ့ကိစ္စသူများလျှောက်မပြောနဲ့~တစ်ခုခုဖြစ်ရင်ငါတို့လဲမရှင်းပေးနိုင်ဘူး ကြားလား?? "
"ဟုတ်ကဲ့ပါဗျ "
ဂျောင်ဝန်းနဲ့ဆောနူ မှတ်သွားပါပြီ~~
နောက်တစ်ခါ ဘယ်တော့မှ နီရှီမူရာ ရီခီနဲ့အတူတူ club မလာတော့ပါ~~
Flashback ends...
°~°~°~°~°~°~°~°~°~°~°~°~°~°~
Tbc~~🐥