ချစ်တာသူ့ကို...🍭(season2)
အခန်း( ၅ )🍬🍬🍬
" ဘာ!! မနက်ဖြန် ဟုတ်လား.."
" ဟုတ်တယ် ဂျီဂျီ မနက်ဖြန်ညသွားခိုးမှာ.."
" မနက်ဖြန်ဘာနေ့လဲ.."
" စနေလေ..."
" ငါကနေ့တိုင်းဖေဖေနဲ့အလုပ်သွားနေရတာလေ"
" အဲ့တစ်ရက်မသွားနဲ့တော့လေ.."
" နင်တို့ပြောတာအရမ်းလွယ်တယ် ငါဒီမှာဦးနောက်ခြောက်နေပြီ အခုဟာကနှစ်ယောက်တောင်ခိုးပေးရမှာ..ဒီက်ိစ္စကပေါ့သေးသေးမဟုတ်ဘူး.."
" သားတို့အားလုံးအချိန်းအချက်လုပ်ပြီးသွားပြီ "
" သူ့ကိုကြီးသိသွားရင်ဘယ်လိုလုပ်မလဲ..."
" သူ့အစ်ကိုအပိုင်းကိုသူတို့ညီအစ်မနှစ်ယောက်တာ၀န်ယူလိမ့်မယ် လုံး၀မသိစေရဘူးတဲ့.."
" မနက်ဖြန်ညဘယ်အချိန်လဲ.. "
" ၁၁နာရီ..."
🍬🍬🍬
" ဟိုလူကြီးပါလား.."
ကားမီးပွိုင့်မိနေတုန်းဘေးကိုလှည့်ကြည့်မိတော့မှန်ချက်တွေကာထားတဲ့ကော်ဖီဆိုင်ထဲမှာဟိုလူကြီးနဲ့သူ့ချစ်ချစ်ဖင်ကြီးမ...
" ဟွန်း..အလုပ်များတဲ့သူကသူ့ကောင်မလေးနဲ့တော့ချိန်းတွေ့နိုင်သားပဲ.."
ဒါပေမယ့်သူကမျက်နှာကြီးတည်နေပြီးသူ့ရှေ့မှာထိုင်နေတဲ့အမျိုးသမီးကသာသူ့မျက်နှာကိုလိုက်ကြည့်ပြီးစကားတွေတစ်တွတ်တွတ်ပြောနေရှာ၏
စားပွဲပေါ်တင်ထားတဲ့သူ့လက်တစ်ဖတ်ကိုတောင်ဆွဲယူပြီးနုနုရွရွလေးကိုင်ထားသေးသည်
မျက်နှာငယ်လေးနဲ့တစ်ခုခုကိုတောင်းပန်နေသလိုပင်..." ဟွန်း..တော်တော်အိုက်တင်ခံတဲ့လူကြီး..မိနိးကလေးဘက်ကဒီလောက်တောင်းပန်နေတာကိုဒင်းကတစ်မျက်နှာလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့...."
ကိုယ်တိုင်လည်းချစ်သူရှိရက်သားနဲ့နှမတွေရဲ့ချစ်ခြင်းကျတော့ဘာဖြစ်လို့ခွဲရတာလဲ...
တစ်ကိုယ်ကောင်းဆန်လိုက်တာ...
ဒါပေမယ့်ခင်ဗျားသိပ်ပြီးအိုက်တင်မခံနိုင်ပါဘူး..ဒီညပဲခင်ဗျားနှမတွေအိမ်ထောင်ကျတော့မှာ...
YOU ARE READING
ချစ်တာသူ့ကို....🍭 season 2
Romanceseason 1ကမြတ်သောမောင်နဲ့ပြည့်စုံလွန်းရဲ့သမီးလေး " ချစ်ခြင်းပြည့်စုံ"အကြောင်းပါ မောင်တွေအစ်ကိုတွေကြားမှာကြီးပြင်းခဲ့ရပြီးယောကျာ်းတစ်ပိုင်းဖြစ်နေတဲ့ကောင်မလေးက သူ့မောင်လေးတွေအတွက်မိန်းမလိုက်ခိုးပေးရင်းမထင်မှတ်ဘဲအဲ့ဒီအိမ်ရှင်လူပျိူကြီးရဲ့လက်ထဲမှာအဖမ်းခ...