အခန်း(၆)

725 40 2
                                    

ချစ်တာသူ့ကို....🍭(season2)
အခန်း( ၆ )

🍬🍬🍬

ဘယ်လောက်ငိုငိုမျက်ရည်တွေကကုန်တယ်မရှိ
....
နောက်တစ်ရက်ဆို သူနဲ့ဂျီဂျီလက်ထပ်ရတော့မည် ဘ၀မှာတစ်ခါမှဒီလောက်အူလိူက်သဲလ်ိူက်မငိုကြွေးခဲ့ဖူးပါ...
မေမေကဂျီဂျီပျောက်သွားလို့အမွှာနှစ်ကောင်ဆီဖုန်းဆက်မေးတော့ဖြစ်ရပ်ကုန်စင်ပြောပြလိုက်ကြသည် ဟိုလူ့အိမ်ကိုလာရှာတဲ့အခါမွေ့ယာပေါ်မှာနှစ်ယောက်စလုံးဖတ်လျက်သတိလစ်နေကြသည်တဲ့...

မြင်သမျှလူအားလုံးကဂျီဂျီခိုးရာလိုက်သွားတာလို့ပဲသတ်မှတ်လိုက်ကြသည်
တကယ်ကဂျီဂျီပိတ်မိနေခဲ့တာ....
ဒါတွေအားလုံးသူ့ကြောင့်....
နှစ်ယောက်စလုံးသတိရလာတော့သူကပဲမျက်နှာကြီးတစ်ခွဲသားနဲ့..."မင်းအရှက်ကိုငါကာကွယ်လိုက်တာ...ကျန်တာဘာအကန့်မှမရှိဘူးတဲ့"
ဘယ်သူကရော ဘာအကန့်တွေနဲ့ပတ်သတ်ပါ့မယ်ပြောနေလို့လဲ....
ပတ်၀န်းကျင်မှာတော့သူကကယ်တင်ရှင်...
ကိုယ့်ကျတော့"ယောကျာ်းလေးဆန်ဆန်နေတော့ဒီကလေးမလေးအိမ်ထောင်မပြုဘူးပဲထင်တာ
ခုကျတော့ခိုးရာတောင်လိုက်သွားပါလား"တဲ့...
မေမေကိုယ်တိုင်ကအရှက်ကွဲပါပြီဆိုပြီးတငိုငိုတစ်ရီရီ...
ဂျီဂျီရှင်းပြသမျှကိုနားထောင်ပေးတာဖေဖေတစ်ယောက်တည်းရှိပေမယ့်ဖေဖေကလည်း" တော်သေးတာပေါ့...နေရောင်ဖြစ်နေလို့ တခြားသူသာဆိုဘယ်လိုမှခွင့်လွှတ်နိုင်မှာမဟုတ်ဘူး...ကိုယ့်ဘက်ကစမှားခဲ့တာပဲ..သမီးကအရင်သူ့ညီမတွေကိုသွားခိုးပေးတာလေ..ဖြစ်သမျှအကြောင်းအကောင်းပေါ့...
နေရောင့်ကိုလက်ထပ်လိုက်ပါသမီးရယ် "တဲ့....

တကယ်ခိုးပြေးသွားတဲ့အတွဲနှစ်တွဲထက်ဂျီဂျီကအရင်လက်ထပ်ရတော့မည်...

" မကောင်းဆိုး၀ါးကြီး...တောက်!! ..."

" ခုမှတောက်တစ်ခေါက်ခေါက်ဖြစ်မနေနဲ့..."

ချစ်သောကလူကြီးလေးလိုခါးထောက်၍အခန်းထဲ၀င်လာသည်...

" မမအရမ်းမှားတယ်သိလား...တကယ်ဆိုဟိုအစ်ကိုကြီးကမှဒုက္ခရောက်တာ..."

" ချစ်သော..နင့်ပါးစပ်ပိတ်ထားနော်.."

" မပိတ်နိုင်ပါဘူး..မမကြောင့်မေမေစိတ်ဆင်းရဲနေရတာ...ဘယ်လောက်ထိရုပ်ပျက်ဆင်းပျက်ဖြစ်သွားလဲသိလား..."

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now